ခြင်္သေ့ပါးစပ်မှာ သွေးတွေတစ်ရဲရဲစိုလို့ပေါ့

တနင်္ဂနွေည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၃၈ ပွဲကြိုသုံးသပ်ချက်

ဗီလာ နှင့် ချဲလ်ဆီး (ည ၉း၃၀)(အိုဇုန်း)

အိမ်ရှင်ဗီလာအတွက်အမှတ်လိုအပ်ခြင်းမရှိတော့ပါဘူး။ချဲလ်ဆီးကတော့ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ လီဗာပူး၊ လက်စတာတို့နဲ့အပြိုင် ဖြစ်နေတာကြောင့် အခုကစားမယ့်ရာသီပိတ်ပွဲအနိုင်ရရှိဖို့ကသေရေးရှင်ရေးလိုအရေးပါနေပါတယ်။

ဗီလာရဲ့အမှတ်မလိုအပ်တော့ခြင်းကချဲလ်ဆီးအတွက်ကံကောင်းမှုလို့ဆိုရမယ်။ဗီလာဆိုတာဝက်ကင်းစ်၊ အယ်ဂါဇီတို့ရဲ့တိုက်စစ်ပိုင်းဂိုးသွင်းအားရှိသ လောက်ကစားချင်သလိုကစားလို့ နောက်တန်းကအမှားများလွန်းတဲ့အသင်းဖြစ်တယ်။

ဒါကြောင့်အောင်ပွဲဆာလောင်လိုအပ်နေတဲ့ချဲလ်ဆီးအသင်းရဲ့ဂိုးသွင်းစက်တွေဂိုးတွေအပြိုင်သွင်းဖို့ ကြိုးစားလာကြပါလိမ့်မယ်။ ချဲလ်ဆီးရဲ့ပြတ်သားတဲ့အောင်ပွဲကချိုမြိန်နေပါလိမ့်မယ်။ခြင်္သေ့ပါးစပ်မှာ သွေးတွေတစ်ရဲရဲစိုလို့ပေါ့။

zawgyi




