အက်ဖ်အေရပ်ဝန်းမှာ ကြိုးကြာမမြူးပါဘူး

သောကြာညအင်္ဂလန်အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဗီလာ နှင့် လီဗာပူး (ည ၂:၁၅)(စိုင်းကို- တောင်ကြီး)

နည်းပြကလော့ပ်ဟာလီဗာပူးဆီစတင်ရောက်ရှိလာချိန်ကတည်းကအက်ဖ်အေဖလားကို အရေးအရာမလုပ်ခဲ့ဘဲလူငယ်တွေ၊ အရန်တွေကိုသာကစားစေသူဖြစ်ပါတယ်။နဂိုကတည်းကလည်းသူဟာပြည်တွင်းအမှတ်ပေးချန်ပီယံဆုနဲ့ ပြည်ပချန်ပီယံလိဂ်ဆုဖလားတွေကိုသာအာရုံစိုက်ကြိုးစားတတ်သူပါ။

ဒါကြောင့်လည်းအက်ဖ်အေဖလားပွဲဆိုရင်လီဗာပူးရဲ့ရလဒ်တွေမျှော်မှန်းထားသလောက်ဖြစ်မလာရတာလို့ ဆိုရမယ်။လတ်တလောရလဒ်တွေယိုယွင်းနေတဲ့လီဗာပူးအနေနဲ့ပရီးမီးယားလိဂ်ကိုဆက်လက်ဦးဆောင်နိုင်ဖို့သာအာရုံစိုက်မှာဖြစ်ပြီးဒီပွဲကိုအရန်တွေနဲ့ပဲယှဉ်ပြိုင်လာမှာပါ။

ဗီလာကတော့နောက်ဆုံးပွဲမှာမန်ယူကို အရေးနိမ့်လိုက်ပေမယ့်ပုံမှန်အားဖြင့်ဆိုရင်ခြေစွာလှတဲ့အသင်းဖြစ်တယ်။ခံစစ်ယိုယွင်းလာတဲ့ဗီလာအနေနဲ့ အရင်တုန်းကအတိုင်းပြန်လည်လုံခြုံမာကျောအောင်အထူးပြင်ဆင်လာမယ်လို့လည်းယူဆမိတယ်။

ဒီပွဲမှာလီဗာပူးကသရေဆိုရင် ၈၀နီးပါးနစ်နာရမယ်လို့ အကျောပေးထားတယ်။မိနစ် ၉၀အတွင်းမရှုံးအောင်အားထုတ်ကြိုးစားမယ့် ဗီလာကိုလက်ခုပ်တီးပေးရမယ်။အက်ဖ်အေရပ်ဝန်းမှာကြိုးကြာမမြူးပါဘူး။

zawgyi




