တစ်ဖက်သတ်သွင်းဂိုးတွေကိုပဲ လက်ချိုးရေတွက်မယ်

အင်္ဂါည စပိန်လာလီဂါ ပွဲစဉ်-၁၁ ပွဲကြိုသုံးသပ်ချက်

ဗီလာရီးရဲလ် နှင့် ကာဒစ်ဇ် (ည ၂း၀၀)(သတိုး မှော်ဘီ)

အခုနောက်ပိုင်းကာဒစ်ဇ်ရဲ့ဂိုးသွင်းစွမ်းရည်သိသိသာသာကျဆင်းလာပြီးလာလီဂါနောက်ဆုံး၅ပွဲမှာစုစုပေါင်းသွင်းဂိုးတစ်ဂိုးတည်းသာသွင်းယူထားနိုင်တယ်။ကွင်းလယ်နဲ့ ခံစစ်ကြောင်းကဆိုရင်လည်းအဝေးကွင်းပွဲစဉ်တွေမှာစိတ်ချရမှုမရှိတော့ဘူး။

ဗီလာရီးရဲလ်ကတော့အိမ်ကွင်းနောက်ဆုံးပွဲစဉ်မှာအိုဆာဆူနာကိုအရေးနိမ့်လိုက်ပေမယ့်ပုံမှန်အားဖြင့်ဆိုရင်အိမ်ကွင်းကစားအားမာကျောထက်မြက်လှတဲ့အသင်းဖြစ်တယ်။လုံခြုံအောင်ပြင်ဆင်လာမယ့်ဗီလာရီးရဲလ်ခံစစ်ကိုကာဒစ်ဇ်ဂိုးသွင်းဖို့ မဖြစ်နိုင်ဘူး။ဗီလာရီးရဲလ်ရဲ့တစ်ဖက်သတ်သွင်းဂိုးတွေကိုပဲ လက်ချိုးရေတွက်ရမယ့်ပွဲပါ။

zawgyi

တစ္ဖက္သတ္သြင္းဂိုးေတြကိုပဲ လက္ခ်ိဳးေရတြက္မယ္

အဂၤါည စပိန္လာလီဂါ ပြဲစဥ္-၁၁ ပြဲႀကိဳသုံးသပ္ခ်က္

ဗီလာရီးရဲလ္ ႏွင့္ ကာဒစ္ဇ္ (ည ၂း၀၀)(သတိုး ေမွာ္ဘီ)

အခုေနာက္ပိုင္း ကာဒစ္ဇ္ရဲ႕ဂိုးသြင္းစြမ္းရည္ သိသိသာသာ က်ဆင္းလာၿပီး လာလီဂါေနာက္ဆုံး ၅ပြဲမွာ စုစုေပါင္းသြင္းဂိုး တစ္ဂိုးတည္းသာ သြင္းယူထားႏိုင္တယ္။ကြင္းလယ္နဲ႔ ခံစစ္ေၾကာင္းကဆိုရင္လည္း အေဝးကြင္းပြဲစဥ္ေတြမွာ စိတ္ခ်ရမႈမရွိေတာ့ဘူး။

ဗီလာရီးရဲလ္ကေတာ့ အိမ္ကြင္းေနာက္ဆုံးပြဲစဥ္မွာ အိုဆာဆူနာကို အေရးနိမ့္လိုက္ေပမယ့္ ပုံမွန္အားျဖင့္ဆိုရင္ အိမ္ကြင္းကစားအား မာေက်ာထက္ျမက္လွတဲ့အသင္းျဖစ္တယ္။လုံၿခဳံေအာင္ ျပင္ဆင္လာမယ့္ ဗီလာရီးရဲလ္ခံစစ္ကို ကာဒစ္ဇ္ဂိုးသြင္းဖို႔ မျဖစ္ႏိုင္ဘူး။ဗီလာရီးရဲလ္ရဲ႕တစ္ဖက္သတ္သြင္းဂိုးေတြကိုပဲ လက္ခ်ိဳးေရတြက္ရမယ့္ပြဲပါ။