ဂိုးပေါ်မယ့်ပွဲ

တနင်္လာည စပိန်လာလီဂါ ပွဲစဉ်-၁ ပွဲကြိုသုံးသပ်ချက်

ဗီလာရီးရဲလ် နှင့် ဂရန်နာဒါ (ည ၁၂း၃၀)(သတိုး မှော်ဘီ)

ဂရန်နာဒါရဲ့အဝေးကွင်းနောက်ဆုံး၇ပွဲဆက်တိုက်ပထမပိုင်းမှာကတည်းကသွင်းဂိုးတွေဖြစ်ပေါ်ခဲ့တာချည်းပါပဲ။နောက်ပြီးတော့အဲဒီအဝေးကွင်းနောက်ဆုံး၇ပွဲစလုံးမှာ ဂရန်နာဒါခံစစ်ကြောင်းကဂိုးအရင်ပေးခဲ့ရတယ်။

ဂရန်နာဒါခံစစ်ကသူတို့ရဲ့အဝေးကွင်းနောက်ဆုံး ၁၂ပွဲဆက်ပေးဂိုးရှိခဲ့တယ်။ဒါပေမဲ့လည်းဂရန်နာဒါတိုက်စစ်ကတော့မဆိုးလှဘဲ ပုံမှန်ဂိုးသွင်းနိုင်စွမ်းရှိနေတယ်။

ဗီလာရီးရဲလ်ကဂရန်နာဒါကိုအိမ်ကွင်းမှာဧည့်ခံခဲ့တဲ့နောက်ဆုံး၆ပွဲအနက်ဂိုးမပေးရအောင်၄ပွဲတောင်စွမ်းဆောင်ထားနိုင်တဲ့အသင်းပါ။

လက်ရှိမှာတော့ဗီလာရီးရဲလ်ခံစစ်ကြောင်းကလုံခြုံခြင်းမရှိတော့ဘဲခံစစ်ပိုင်းဂိုးပေးရပေးရဂရုမစိုက်ဘဲတိုက်စစ်ဦးစားပေး   နည်ဗျူဟာအသုံးပြုနေဆဲပါပဲ။ဖရိုဖရဲနဲ့တိုက်စစ်ဦးစားပေးကြမယ့်အသင်းနှစ်သင်းရင်ဆိုင်မှုဖြစ်လို့ဂိုးပေါ်မယ့်ပွဲဖြစ်တယ်။

zawgyi

ဂိုးပေါ်မယ့်ပွဲ



