Wags များကို ကာတာကမ္ဘာ့ဖလားသို့ ခေါ်ယူရေးအကြပ်တွေ့နေတဲ့ ဂျာမနီ

ဂျာမနီရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ပြင်ဆင်မှုမှာ ကစားသမားများရဲ့Wags များကိုလည်းကာတာသို့ခေါ်ဆောင်ရေးနှင့်ပတ်သက်ပြီးပြဿနာအကြီးကြီးတက်လျက်ရှိနေပါတယ်။

လက်ရှိအချိန်တွင်ကာတာရှိဟိုတယ်အားလုံးနီးပါးမှာဘုတ်ကင်ပြည့်နေပြီဖြစ်သလို ဂျာမနီဘောလုံးအဖွဲ့ချုပ်ဟာ Wags များအတွက်ခရီးစဉ်စီစဉ်ရေးအတွက်အလွန်ခက်ခဲနေပါတယ်။

ဒါကြောင့်လည်းဂျာမနီဘောလုံးအဖွဲ့ချုပ်ဟာလက်ရွေးစင်အသင်းနှင့်အတူ Wags များကိုခေါ်ဆောင်သွားရေးနှင့်ပတ်သက်ပြီးဆွေးနွေးမှုများပြုလုပ်လာကြပါမယ်။

တကယ်လို့များဂျာမနီဘောလုံးအဖွဲ့ချုပ်သာစီစဉ်ပေးနိုင်ခြင်းမရှိပါကဆန်ဒရာဂျာဇီ(ဆာဂျီဂနာဘရီ)၊အစ်ဇာဘယ်ဂူလတ်(ကီဗင်ထရစ်)၊ဆာရာအေဖရာရူ(အိုင်ကေးဂန်ဒိုဂန်)၊ဆိုဖီယာဝီဘာ(ကိုင်ဟာဗတ်ဇ်)တို့မှာကာတာသို့လိုက်ပါခွင့်ရရှိလာကြမှာမဟုတ်ပါဘူး။

Bild ရဲ့ဖော်ပြချက်အရဂျာမနီလက်ရွေးစင်ကစားသမားအများစုမှာကမ္ဘာ့ဖလားပြိုင်ပွဲမှာကာလရှည်ပြိုင်ပွဲတစ်ခုဖြစ်တာနဲ့အညီမိသားစုဝင်များကိုပါတပါတည်းခေါ်ဆောင်လိုနေကြောင်းသိရပါတယ်။ဒါပေမဲ့တည်းခိုစရိတ်မှာအလွန်မြင့်မားနေမှုမှာကြီးမားတဲ့ပြဿနာတစ်ရပ်လည်းဖြစ်ပါတယ်။

တဖက်တွင်ဂျာမနီနည်းပြဟန်စီဖလစ်ကိုယ်တိုင်ကလည်းကစားသမားများနှင့်အတူမိသားစုဝင်များကိုလည်းခေါ်ဆောင်လိုနေပါတယ်။

ယခုအပတ်အကုန်တွင်ပြုလုပ်မယ့်အစည်းအဝေးသို့ဂျာမနီရဲ့စီနီယာကစားသမားများဖြစ်ကြတဲ့မန်နူရယ်နူအာ၊သောမတ်စ်မူလာ၊ဂျိုရှာကမ်မစ်ချ်တို့လည်းတက်ရောက်ပါမယ်။

ကမ်မစ်ချ်ကတော့ “ပုံမှန်ဆိုရင်တော့သူငယ်ချင်းတွေအများကြီး၊မိသားစုတွေအများကြီးနဲ့သွားချင်တယ်။ဒါပေမဲ့ဟိုတယ်ရဖို့ကအရမ်းခက်နေတယ်။အဖွဲ့ချုပ်အနေနဲ့တစ်ခုခုလုပ်ဆောင်နိုင်ဖို့မျှော်လင့်နေတယ်။သာမန်လူအတွက်ဆိုရင်တော့ဟိုတယ်ရဖို့ကမလွယ်တော့ဘူး။ကမ္ဘာ့ဖလားတစ်ခုကသူငယ်ချင်းတွေ၊မိသားစုတွေအတွက်ကြီးမားတဲ့အရာတစ်ခုပါ။ကျွန်တော်ကိုယ်တိုင်လည်းမိသားစုတွေကိုလိုက်စေချင်တယ်။ဒါပေမဲ့လုပ်ဆောင်လာနိုင်မလားမသိသေးပါဘူး”လို့ဝန်ခံထားပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကတော့ Banana Island ကိုငှားရမ်းကာ Wags များအတွက်အဆင်ပြေအောင်လုပ်ဆောင်ထားနိုင်ပြီးဖြစ်ပါတယ်။ယင်းကမ်းခြေအပန်းဖြေဟိုတယ်မှာတစ်ညလျှင်ပေါင်၆၀၀၀ပေးရပြီး အဆောင်တစ်ခုလျှင်အိပ်ခန်းငါးခန်းအထိပါဝင်ရန်မိသားစုဝင်များနှင့်ခရီးသွားရန်အလွန်သင့်တော်ပါတယ်။

ZawGyi

Wags မ်ားကို ကာတာကမာၻ႔ဖလားသို႔ ေခၚယူေရးအၾကပ္ေတြ႕ေနတဲ့ ဂ်ာမနီ

ဂ်ာမနီရဲ႕ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ျပင္ဆင္မႈမွာ ကစားသမားမ်ားရဲ႕Wags မ်ားကိုလည္းကာတာသို႔ေခၚေဆာင္ေရးႏွင့္ပတ္သက္ၿပီးျပႆနာအႀကီးႀကီးတက္လ်က္ရွိေနပါတယ္။

လက္ရွိအခ်ိန္တြင္ကာတာရွိဟိုတယ္အားလုံးနီးပါးမွာဘုတ္ကင္ျပည့္ေနၿပီျဖစ္သလို ဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ Wags မ်ားအတြက္ခရီးစဥ္စီစဥ္ေရးအတြက္အလြန္ခက္ခဲေနပါတယ္။

ဒါေၾကာင့္လည္းဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္ဟာလက္ေ႐ြးစင္အသင္းႏွင့္အတူ Wags မ်ားကိုေခၚေဆာင္သြားေရးႏွင့္ပတ္သက္ၿပီးေဆြးေႏြးမႈမ်ားျပဳလုပ္လာၾကပါမယ္။

တကယ္လို႔မ်ားဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္သာစီစဥ္ေပးႏိုင္ျခင္းမရွိပါကဆန္ဒရာဂ်ာဇီ(ဆာဂ်ီဂနာဘရီ)၊အစ္ဇာဘယ္ဂူလတ္(ကီဗင္ထရစ္)၊ဆာရာေအဖရာ႐ူ(အိုင္ေကးဂန္ဒိုဂန္)၊ဆိုဖီယာဝီဘာ(ကိုင္ဟာဗတ္ဇ္)တို႔မွာကာတာသို႔လိုက္ပါခြင့္ရရွိလာၾကမွာမဟုတ္ပါဘူး။

Bild ရဲ႕ေဖာ္ျပခ်က္အရဂ်ာမနီလက္ေ႐ြးစင္ကစားသမားအမ်ားစုမွာကမာၻ႔ဖလားၿပိဳင္ပြဲမွာကာလရွည္ၿပိဳင္ပြဲတစ္ခုျဖစ္တာနဲ႔အညီမိသားစုဝင္မ်ားကိုပါတပါတည္းေခၚေဆာင္လိုေနေၾကာင္းသိရပါတယ္။ဒါေပမဲ့တည္းခိုစရိတ္မွာအလြန္ျမင့္မားေနမႈမွာႀကီးမားတဲ့ျပႆနာတစ္ရပ္လည္းျဖစ္ပါတယ္။

တဖက္တြင္ဂ်ာမနီနည္းျပဟန္စီဖလစ္ကိုယ္တိုင္ကလည္းကစားသမားမ်ားႏွင့္အတူမိသားစုဝင္မ်ားကိုလည္းေခၚေဆာင္လိုေနပါတယ္။

ယခုအပတ္အကုန္တြင္ျပဳလုပ္မယ့္အစည္းအေဝးသို႔ဂ်ာမနီရဲ႕စီနီယာကစားသမားမ်ားျဖစ္ၾကတဲ့မန္ႏူရယ္ႏူအာ၊ေသာမတ္စ္မူလာ၊ဂ်ိဳရွာကမ္မစ္ခ်္တို႔လည္းတက္ေရာက္ပါမယ္။

ကမ္မစ္ခ်္ကေတာ့ “ပုံမွန္ဆိုရင္ေတာ့သူငယ္ခ်င္းေတြအမ်ားႀကီး၊မိသားစုေတြအမ်ားႀကီးနဲ႔သြားခ်င္တယ္။ဒါေပမဲ့ဟိုတယ္ရဖို႔ကအရမ္းခက္ေနတယ္။အဖြဲ႕ခ်ဳပ္အေနနဲ႔တစ္ခုခုလုပ္ေဆာင္ႏိုင္ဖို႔ေမွ်ာ္လင့္ေနတယ္။သာမန္လူအတြက္ဆိုရင္ေတာ့ဟိုတယ္ရဖို႔ကမလြယ္ေတာ့ဘူး။ကမာၻ႔ဖလားတစ္ခုကသူငယ္ခ်င္းေတြ၊မိသားစုေတြအတြက္ႀကီးမားတဲ့အရာတစ္ခုပါ။ကြၽန္ေတာ္ကိုယ္တိုင္လည္းမိသားစုေတြကိုလိုက္ေစခ်င္တယ္။ဒါေပမဲ့လုပ္ေဆာင္လာႏိုင္မလားမသိေသးပါဘူး”လို႔ဝန္ခံထားပါတယ္။

အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကေတာ့ Banana Island ကိုငွားရမ္းကာ Wags မ်ားအတြက္အဆင္ေျပေအာင္လုပ္ေဆာင္ထားႏိုင္ၿပီးျဖစ္ပါတယ္။ယင္းကမ္းေျခအပန္းေျဖဟိုတယ္မွာတစ္ညလွ်င္ေပါင္၆၀၀၀ေပးရၿပီး အေဆာင္တစ္ခုလွ်င္အိပ္ခန္းငါးခန္းအထိပါဝင္ရန္မိသားစုဝင္မ်ားႏွင့္ခရီးသြားရန္အလြန္သင့္ေတာ္ပါတယ္။