ဝေးလ်နဲ့ မဝေးချင်ခဲ့ကြသူများ

Play Maker 3D

ဟန်စိုးသွေး၊Nကြယ်မင်း၊မင်းနဒီ

ဝေးလ် – ဘယ်လာရုစ် (ဝေးလ်(2+45)

ကမ္ဘာ့ဖလားခြေစစ်ပွဲများရောက်ရှိလာပြန်သည်။အရင်လလောက်အထိဒီလိုပွဲတွေဝင်ရောက်လာတိုင်းကျနော်တို့ပေါက်ကွဲနေကျ။ အရှိန်ပျက်တယ်ကွာ။သို့သော်ကမ္ဘာ့ဖလားဆို ပွဲတော်ကြီးနီးလာပြီ။ လိဂ်ပွဲစဉ်တွေရပ်နားပြီဆိုသည်နှင့်ကမ္ဘာ့ဖလားဆက်သွားမည်ဆိုသည့်အသိကဘယ်လောက်များငြိတွယ်ချင်စရာကောင်းလိုက်သလဲ။ ခုမနက်ပဲဘရာဇီးတွေခြေစစ်ပွဲအောင်မြင်ခဲ့ပြီ။ ဂျာမနီက လက်ချ်ချင်စတိန်းကို (9-0)ကစားသတဲ့။ စည်တော်သံတွေက ကျက်သရေရှိလိုက်လေခြင်း။

2022 ကမ္ဘာ့ဖလားမှာ ‘ငါတို့ဟာဟန်ဆီဖလစ်ခ်များသာဖြစ်သည်’ ဟုအော်ဟစ်နိုင်ကြပြီလား။ ၈ပွဲကစား၊ ၈ပွဲလုံးအနိုင်ရပြီးပေးဂိုးတစ်ဂိုးပင်မရှိသေးသောဒိန်းမတ်ကိုကမ္ဘာ့ဖလားတိုက်ပွဲတွေထဲထည့်ပြီးမြင်ယောင်ကြည့်ရတာကိုကအရသာဖြစ်လာသည်။ဒါကြောင့်အပြစ်မမြင်။ အသင်းတစ်သင်းချင်းစီ၏လိပ်ပြာကိုလိုက်ဖမ်းနေရတာကိုကအရသာဖြစ်လာသည်။ဒါကြောင့်ဒီတစ်ပတ် 3D ကို ကမ္ဘာ့ဖလားခြေစစ်ပွဲတစ်ပွဲဆီလွှင့်တင်လိုက်ဖြစ်ပါသည်။ ဝေးလ်နှင့် ဘယ်လာရုစ်ပွဲကို တစ်ချက်ဖတ်ပေးကြပါဦး။

🔴 Nကြယ်မင်း

ကိုဟန်စိုးသွေးရွေးလာတဲ့ပွဲမလို့ ရေးရမှာဆိုပေမယ့်ဒီပွဲကိုအလေးချိန်တက်အောင်ကျနော်မရေးနိုင်ပါဘူး။ကျနော်ပွဲကြိုတွေလုပ်လာတဲ့သက်တမ်းတစ် လျှောက်မှာအရသာလည်းရှိ၊ ရွေးချယ်မှုလည်းမှန်ကန်စေဆိုတဲ့အခြေခံမူတစ်ခုကိုဆွဲကိုင်ခဲ့တာပါ။ကိုယ့်အတွက်မိနစ် ၉၀ပေးရလောက်အောင်ဒီပွဲကဘာပြန်ပေးနိုင်မှာလဲပေါ့။ ဒါပေမဲ့ဘာမှမရတဲ့ပွဲတော့မဟုတ်ပါဘူး၊ ပိုက်ဆံရတယ်ဆိုရင်အဲ့ဒီပွဲမျိုးလည်းမရှောင်နိုင်ဘူးရေးမိတယ်ဖြစ်ရတာပါပဲ။ ဆရာဟန်ကအဲ့ဒီအထာနဲ့ ဒီပွဲသွားကြရအောင်လို့ ရွေးချယ်ခဲ့ပုံရပါတယ်။

ဝေးလ်နဲ့ ဘယ်လာရုစ်တဲ့..ဝေးလ်ဟာကျနော်တို့အတွက်တော့အရည်ခန်းလှပါတယ်။ တစ်ချိန်ကဂစ်နဲ့ ဝေးလ်ကိုတွဲပြီးဖေးဖေးမမပေါ့လေ။ချစ်ခဲ့တယ်။ အဲ့ဒီနောက်ဘေးလ်နဲ့ဆိုဘေးမဖြစ်ဘူးဆိုတဲ့အချိန်တွေ..။ အခုတော့ဒင်းတို့နှစ်ယောက်လုံးရဲ့ခြေရာလက်ရာမရှိတော့ပြန်တဲ့ဝေးလ်ဖြစ်ခဲ့တယ်။လမ်းဆုံး မဟုတ်တောင်နောက်ဆုံးလမ်းဆုံရောက်နေပြီဖြစ်တဲ့ရမ့်ဆေး၊အနီမှသည်အဖြူဆီသို့မှာလည်းဖြစ်ဖဲရှာမတွဲနိုင်ပြန်တဲ့ဒင်နီယဲလ်ဂျိမ်းစ်တို့လောက်နဲ့ ဝေးလ်ပရိသတ်ဖြစ်လိုက်ဖို့လုံလောက်တယ်မထင်တော့ပါဘူး။

သို့သော်အဲ့ဒါကဘယ်လာရုစ်ကိုအနိုင်ယူဖို့အတွက်လောက်ကျတော့ကိုယ်မြတ်နိုးရာဝေးလ်ဖြစ်နေဖို့မလိုအပ်တော့ပြန်ပါဘူး။ ဘယ်လာရုစ်ဟာဘာမျှော် လင့်ချက်မှမရှိတော့ခြင်း၊ အဝေးကွင်းပွဲတိုင်းလက်နက်ချခဲ့ရခြင်း၊ အဲ့ဒီ ၃ပွဲမှာတစ်ဂိုးမှမသွင်းနိုင်ဘဲ ၁၁ဂိုးပေးခဲ့ရခြင်းတွေကြောင့်ဝေးလ်ဟာငွေနံ့ရနေတဲ့ဝေးလ်ဖြစ်ပါတယ်။အဲ့ဒီဝေးလ်ဟာနောက်ဆုံး၄ပွဲမှာရှုံးပွဲမရှိ၊ နှစ်ပွဲနိုင်ကစားပြီးခြေစစ်ပွဲအောင်မြင်ဖို့ နီးကပ်စွာရှိနေတဲ့အသင်းပါ။ သူတို့ဟာချက်ထက်တစ်ပွဲလျော့ကစားထားပြီးရမှတ်တူနေတာကြောင့်ကိုယ့်တရားကိုယ်စီရင်ခွင့်အပြည့်ရှိနေပါတယ်။ဒီပွဲမှာဝေးလ်နဲ့မဝေးချင်သူကိုယ်သာဖြစ်ပါရစေပါပဲ။

🔴 ဟန်စိုးသွေး

ဝေးလ်၆ပွဲကစားထားပြီး၁၁မှတ်ပိုင်ထားကာဒုတိယနေရာကချက်နဲ့အမှတ်နေတယ်။ဝေးလ်ရဲ့အားသာချက်ကတော့ ချက်ထက်တစ်ပွဲလျော့ကစားထားတာဖြစ်ပြီးဒီပွဲမှာအနိုင်၃မှတ်ရခဲ့ရင်ချက်ကိုကျော်တက်ပြီးဒုတိယနေရာရောက်သွားပါမယ်။ဒီပွဲဟာဝေးလ်အတွက်ခြေစစ်ပွဲအောင်ရေးမအောင်ရေးအ ဆုံးအဖြတ်ပွဲဖြစ်တယ်။နောက်ဆုံးပွဲစဉ်မှာဝေးလ်ဟာဘယ်လ်ဂျီယံနဲ့ကစားရမှာဖြစ်ပြီးချက်ကအက်စ်တိုးနီးယားနဲ့ကစားရမှာဖြစ်လို့ဒီပွဲမှာဝေးလ်တို့အ မှတ်ပြည့်မရခဲ့ရင်အခက်ကြုံသွားမှာဖြစ်လို့လူစုံထုတ်ပုံအောသွန်ချကစားမှာသေချာတယ်။

ဘီလာရုဇ်ကတော့၇ပွဲကစားထားပြီး၁ပွဲသာအနိုင်ရခဲ့ကာ၆ပွဲရှုံးခဲ့တယ်။အိမ်ကွင်းမှာအသင်းငယ်အက်စ်တိုးနီးယားကိုနိုင်ခဲ့တာဖြစ်ပြီးဝေးလ်ဘယ်လ်ဂျီယံနဲ့ ချက်ကိုတော့ဘယ်လိုမှယှဉ်မကန်နိုင်ခဲ့ဘဲရှုံးခဲ့တာမျိုးဖြစ်တယ်။အထူးသဖြင့်ဘီလာရုဇ်ရဲ့အဝေးကွင်းခြေစွမ်းကအတော်လေးကိုညံခဲ့ပြီးချက်ကို ၁-၀ ဘယ်လ်ဂျီယံကို ၈-ဝအက်စ်တိုးနီးယားကို ၂-ဝနဲ့ရှုံးခဲ့တယ်။ဒီပွဲမှာဝေးလ်က၂ဂိုး၄၅နိုင်ဆိုင်းပြင်းပြစွာအကျောပေးထားတယ်။

ဝေးလ်ဟာအဝေးကွင်းမှာဘယ်လ်ဂျီယံကိုရှုံးခဲ့ပေမယ့်ချက်ကိုတော့အိမ်ကွင်းမှာနိုင်အဝေးကွင်းမှာသရေကစားနိုင်ခဲ့တာမို့ခြေစွမ်းမနိမ့်တာထင်ရှားပါတယ်။အခုရင်ဆိုင်ရမယ့်ဘီလာရုဇ်ကိုအဝေးကွင်းမှာ၂-၃နဲ့အနိုင်ယူခဲ့ပြီး အဲဒီပွဲမှာဝေးလ်ကဘောလုံးပိုင်ဆိုင်မှု ၆၄ရာခိုင်နှုန်းအသာနဲ့ကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့်၂၀ကြိမ်ရခဲ့ကာဘီလာရုဇ်က၇ကြိမ်သာရခဲ့တယ်။အိမ်ကွင်းမှာတောင်အသာမရခဲ့တဲ့ဘီလာရုဇ်တို့အခုအဝေးကွင်းမှာဗိုလ်လုပွဲလိုတကယ်တင်ကစားမယ့်ဝေးလ်ကိုအခက်တွေ့အောင်ကစားနိုင်ဖို့မလွယ်ပါဘူး။အိမ်ရှင်ဝေးလ်ဂိုးပြတ်အနိုင်ရသွားပါလိမ့်မယ်။

🔴 မင်းနဒီ(change)

ဝေးလ်စ်က 2+50 နဲ့ ဂိုးပေါင်းကြေး 3+55 ပေးထားပါတယ်။ ဝေးလ်စ်ရဲ့မူလဖွင့်လှစ်မှုက 2+45 နဲ့ 3+50 ဖြစ်ပါတယ်။မူလဖွင့်လှစ်မှုကနေပြောင်းလဲမှုသိသိသာသာမရှိပဲတည်ငြိမ်နေတယ်ဆိုပေမဲ့ဝေးလ်စ်ရဲ့ကြေးပေးအနေအထားကသံသယဖြစ်စရာကောင်းနေပါတယ်။ ပထမအကျော့တုန်းက 1+20 နဲ့ စခဲ့ပြီး 1+15 မှာရပ်သွားခဲ့တယ်။အဲ့ဒီပွဲစဉ်ကဝေးအတွက်အဝေးကွင်းပွဲစဉ်ဆိုပေမဲ့ဘီလာရုစ်ရဲ့ အိမ်ကွင်းမှာကစားခဲ့ရတာမဟုတ်ပဲရုရှားကလပ်ရူဘင်ကာဇင်အသင်းရဲ့အိမ်ကွင်းကာဇန်မှာကစားခဲ့ရတာဖြစ်တယ်။ကစားရတာကြားကွင်းဖြစ်သလိုဝေးလ်က ၃-၂ နဲ့အနိုင်ရခဲ့ပေမဲ့ဝေးလ်စ်ဟာလုပ် တိုင်းဖြစ်ခဲ့တာမျိုးမရှိခဲ့ဘူး။

ပွဲအစ ၅ မိနစ်မှာဘေးလ်ရဲ့ ပင်နယ်တီဂိုးနဲ့ တာထွက်ကောင်းခဲ့ပေမဲ့ဘီလာရုစ်ကချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေကို ၂ မိနစ်သာခြားပြီးပွဲကိုပြန်လည်ဦး ဆောင်သွားခဲ့တာကိုခံလိုက်ရတယ်။ဒုတိယပိုင်းမှာဝေးလ်ကဖိအားပေးနိုင်ပေမဲ့သူဖိအားနဲ့သူဂိုးရဖို့ရုန်းကန်နေခဲ့ရတယ်။ ၆၉ မိနစ်မှာဘေးလ်ရဲ့ပင်နယ်တီကြောင့်ချေပဂိုးရခဲ့ပြီး ၉၃ မိနစ်မှာဘေးလ်ရဲ့မြေမကျကန်ချက်ကောင်းခဲ့လိုသာဝေးလ်နိုင်ပွဲရခဲ့တာဖြစ်တယ်။ ဝေးလ်အနေနဲ့ ဒီပွဲမှာနိုင်ပွဲရမှဖြစ်မယ့် ဖိအားတွေရှိနေပေမဲ့သူတို့မှာ ဂိုးရဖို့အတွက်ဘေးလ်တစ်ဦးတည်းကိုပဲမှီခိုနေရတယ်။ ပြိုင်ပွဲတစ်လျှောက်ရလဒ်တွေကိုကြည့်ရင်လည်သွင်းဂိုးတွေသိပ်ကိုရှားပါးခဲ့တာတွေ့ရတယ်။

ကစားထားတဲကမ္ဘာ့ဖလားခြေစစ်ပွဲ ၆ ပွဲမှာ ၈ ဂိုးပဲသွင်းယူထားနိုင်ပြီးအဲ့ဒီ ၈ ဂိုးထဲက ၃ ဂိုးဘီလာရုစ်နဲ့ ပထမအကျော့မှာသွင်းယူနိုင်ခဲ့ဖြစ်တယ်။ အဲ့ဒီ ၆ ပွဲမှာ၁ ဂိုးထက်ပိုသွင်းနိုင်တဲ့ပွဲကလည်း ၂ ပွဲပဲရှိခဲ့တယ်။ နောက်ပြီးဝေးလ်ရဲ့ဗဟိုခံစစ်မှာ မက်ဖန်း၊ ရော့ဒန်နဲ့ လောရန့်စ်တို့ဟာခိုင်မာမှုအားနည်းခဲ့တာကိုလည်းဘီလာရုစ်နဲ့ ပထမအကျော့ပွဲစဉ်မှာတွေ့ခဲ့ရတယ်။ ဘီလာရုစ်ကအုပ်စုတွင်းမှာတိုက်စစ်အားအနည်းဆုံးဖြစ်သလိုအဲ့ဒီအားအနည်းဆုံးအသင်းရဲ့ တိုက်စစ်ကို ၂ ဂိုးပြန်ပေးလိုက်ရတဲ့ ခံစစ်မျိုးကသိပ်မနိတ်လှဘူး။

ဘေးလ်ရဲ့ ဟက်ထရစ်သွင်းဂိုးသာမဖြစ်ခဲ့ရင်အမှတ်လျော့သွားနိုင်တဲ့အဖြစ်မျိုးနဲ့တောင်ကြုံရနိုင်ပါတယ်။နောက်ပြီး အုပ်စု ၆ ပွဲမှာ ရဂိုး၈ဂိုးထဲကဘေးလ်ရဲ့သွင်းဂိုး၃ဂိုးကို ဖယ်ထုတ်လိုက်မယ်ဆိုရင်ဒန်နီရယ်ဂျိမ်းစ် ၂ ဂိုး၊ ကီဖာမိုး ၁ ဂိုး၊ ရမ်ဆေး ၁ ဂိုး၊ ဟယ်ရီဝီလ်ဆင် ၁ ဂိုးဆိုတဲ့လုပ်အားနှုန်းက 2+50 ပေးထားတဲ့အနေအထားကိုကျော်ဖြတ်နိုင်မလားဆိုတာ စဉ်းစားစရာဖြစ်နေတယ်။ ၃ ဂိုးသွင်းယူထားတဲ့ဘေးလ်ကိုယ်တိုင်တောင်မှဒဏ်ရာတွေနဲ့ရုန်း ကန်နေရပြီးဘီလာရုစ်နဲ့ ပထမအကျော့တစ်ပွဲပဲဂိုးသွင်းယူနိုင်ခဲ့တာဖြစ်တယ်။

ဝေးလ်တိုက်စစ်မှာဘေးလ်တစ်ယောက်လောက်ကလွဲပြီးအဆင့်မှီတိုက်စစ်မှူးမျိုးအားနည်းတာကြောင့်လည်းဖိအားနဲ့တကယ်ရင်ဆိုင်လာရတဲ့အခါဂိုးရဖို့ရုန်းကန်နေရတာဖြစ်တယ်။ဒါကြောင့်ဘီလာရုစ်ဟာ အုပ်စုတွင်းမှာအားအနည်းဆုံးဆိုပေမဲ့ ဝေးလ်ရဲ့တိုက်စစ်မှာပုံမှန်ဂိုးသွင်းယူပေးနိုင်တဲ့တိုက်စစ်မှူးမျိုးချို့တဲ့နေတာကြောင့်ဝေးလ်ရဲ့ 2+50 ကို သံသယဖြစ်နေမိတယ်။ ဝေးလ်ရဲ့2+50 ပေးထားတဲ့ကြေးကပြင်းတာမှန်ပေမဲ့တကယ်တမ်းတွေးကြည့်ရင် play-off ကစားခွင့်ရမဲ့ဒုတိယနေရာကိုချက်နဲ့ရမှတ်တူနေမှုမှာအမှတ်လိုအပ်ချက်ရှိမှု၊အိမ်ကွင်းဖြစ်နေပြီး ၇ပွဲမှာ ၆ ပွဲရှုံးထားတဲ့ဘီလာရုစ်ရဲ့အမှတ် ပေးဇယားရပ်တည်မှုကြောင့်လို့ သုံးသပ်မိတယ်။

တကယ်တမ်းဝေးလ်ရဲ့တိုက်စစ်နဲ့ ဂိုးသွားပုံအရဆိုရင် ၂ ဂိုးပြတ်ဖို့ခဲယဉ်းနေပါလိမ့်မယ်။ ဒီပွဲမှာဖိအားရှိနေတာကဝေးလ်ဖြစ်နေပြီးဘာမှမျှော်လင့်စရာမရှိတော့တဲ့ဘီလာရုစ်အတွက်ဖိအားကင်းနေတာကလည်းပြဿနာရှိနေပါတယ်။တကယ်တမ်းဖိအားရှိနေတဲ့အခါမျိုးမှာဂိုးရဖို့ခက်နေတတ်တဲ့ဝေးလ်ရဲ့တိုက်စစ်ဟာပထမအကျော့မှာကတည်းကပြာယာခတ်နေခဲ့တာကိုမြင်တွေ့ခဲ့ရတာကြောင့်ဒီပွဲမှာဖိအားကင်းစင်နေတဲ့ဘီလာရုစ်နဲ့ စွန့်စားဖို့ ဆုံးဖြတ်လိုက်ရပါတယ်။

🔴ဒီတစ်ပတ် 3D

ဒီတစ်ပတ် 3D မှာ ဆရာနဒီကခွဲထွက်ရေးသမားဖြစ်ပါတယ်။သူကဘာကြောင့်ဘယ်လာရုစ်လဲဆိုတာကိုဆရာဟန်တို့နှစ်ယောက်ရဲ့ဆန့်ကျင်ဘက်အမြင်တစ်ခုအဖြစ်ဖတ်ရှုရတာစိတ်ဝင်စားစရာကောင်းပါတယ်။အများရဲ့ရွေးချယ်မှုကိုအထူးပြုရပေမယ့်အနည်းစုရဲ့ယုံကြည်မှုကိုလေးစားပေးရမှာဟာလူ့အ ဖွဲ့ အစည်းတစ်ခုရဲ့မြတ်သောအကျင့်ဖြစ်ပါတယ်။ ‘ဝေးလ်’ဖြစ်ပါတယ်။ ဝေးလ်နဲ့ မဝေးမိစေဖို့ တိုက်တွန်းလိုက်ရပါတယ်။