ယမန်နှစ်အရှုံးကို လက်စားပြန်ချေမယ့်ပွဲ

စနေည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက်

ဝက်ဖို့ဒ် နှင့် လီဗာပူး (ညနေ ၆း၀၀)(စိုင်းကို တောင်ကြီး)

ဆာလာခြေစွမ်းပြနေတဲ့လီဗာပူးမှာဂိုးသမားအယ်လီဆန်နဲ့ ဖာဘင်ညိုတို့ မပါနိုင်ပေမယ့်အာနိုးပြန်ပါလာမှာကြောင့်တောင်ပံတိုက်စစ်ပိုကောင်းလာနိုင်ပါတယ်။ ဝက်ဖို့ဒ်မှာ နည်းပြအပြောင်းအလဲလုပ်ထားပေမယ့် ရေနီယာရီရဲ့လက်ထက်မှာအဓိက ကစားသမားအစုံအလင်နဲ့ လေ့ကျင့်နိုင်ခြင်းမရှိသေးလို့ ထူးထူးခြားခြားတိုးတက်လာမယ့်ပုံမရှိသေးပါဘူး။

ဒါ့အပြင်နည်းပြသစ်နဲ့ စတင်ပွဲထွက်လာတဲ့အသင်းတစ်သင်းတွေကိုလီဗာပူးနိုင်ခဲ့တာ၄ပွဲဆက်တိုက်ရှိခဲ့တဲ့မှတ်တမ်းလည်းရှိနေတော့ ၂၀၂၀ခုနှစ်မတ်လကအရှုံးကိုလီဗာပူးလက်စားပြန်ချေမယ့်ပွဲပါ။

zawgyi




