ဝါနာကို တောင်းပန်ခဲ့ရတဲ့ တီယာဂိုဆေးလ်ဗား

ချဲလ်ဆီးခံစစ်မှူးတီယာဂိုဆေးလ်ဗားဟာဇနီးသည်ရဲ့ဝေဖန်ပြောဆိုမှုကြောင့်ချဲလ်ဆီးကစားဖော်တီမိုဝါနာအားတောင်းပန်မှုပြုလုပ်ခဲ့ရကြောင်းသိရပါတယ်။

ဘရာဇီးနောက်ခံလူတီယာဂိုဆေးလ်ဗားရဲ့ဇနီးသည်အစ္စဘယ်လာဟာရီးရဲလ်မက်ဒရစ်နှင့်တစ်ဂိုးစီသရေကျတဲ့ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်တွင်အပိုင်အခွင့်အရေးကိုဖြုန်းတီးပစ်ခဲ့တဲ့တီမိုဝါနာကိုဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့်အစ္စဘယ်လာဟာစတမ်းဖို့ဒ်ဘရစ်ချ်တွင်ရီးရဲလ်မက်ဒရစ်အား၂-၀ဂိုးဖြင့်အနိုင်ရရှိကာချန်ပီယံလိဂ်ဗိုလ်လုပွဲသို့တက်ရောက်ခဲ့တဲ့ပွဲတွင်ဂိုးသွင်းယူခဲ့တဲ့တီမိုဝါနာကိုချီးကျူးမှုပြုလုပ်ခဲ့ပါတယ်။သို့ရာတွင်တီယာဂိုဆေးလ်ဗားဟာပထမအကျော့တုန်းကလွဲချော်မှုအတွက်ဝါနာကိုဇနီးသည်ကဝေဖန်ပြောဆိုခဲ့မှုအတွက်တောင်းပန်မှုပြုလုပ်ခဲ့ရပါတယ်။

ယင်းကိုတီမိုဝါနာကိုယ်တိုင်က “ခံစားချက်တွေမြင့်တက်နေတဲ့အချိန်မှာဒါမျိုးတွေကဖြစ်တတ်ပါတယ်။နောက်တစ်နေ့ကျရင်တီယာဂိုဟာကျွန်တော့်ကိုတိုက်ရိုက်တောင်းပန်မှုပြုလုပ်ခဲ့ပါတယ်။အခုဒီပြဿနာမရှိပါဘူး။အခုကျွန်တော်တို့အားပျော်ရွှင်နေကြပါတယ်။သူမသာမဟုတ်ပါဘူး။အခြားကစားသမားတွေရဲ့ဇနီးတွေလည်းပျော်နေကြပါတယ်။ကျွန်တော်တို့နောက်ထပ်တစ်ကြိမ်သူတို့ကိုပျော်အောင်လုပ်နိုင်ဖို့မျှော်လင့်နေပါတယ်”လို့ပြောကြားခဲ့ပါတယ်။

zawgyi

ဝါနာကို ေတာင္းပန္ခဲ့ရတဲ့ တီယာဂိုေဆးလ္ဗား

ခ်ဲလ္ဆီးခံစစ္မႉးတီယာဂိုေဆးလ္ဗားဟာဇနီးသည္ရဲ႕ေဝဖန္ေျပာဆိုမႈေၾကာင့္ခ်ဲလ္ဆီးကစားေဖာ္တီမိုဝါနာအားေတာင္းပန္မႈျပဳလုပ္ခဲ့ရေၾကာင္းသိရပါတယ္။

ဘရာဇီးေနာက္ခံလူတီယာဂိုေဆးလ္ဗားရဲ႕ဇနီးသည္အစၥဘယ္လာဟာရီးရဲလ္မက္ဒရစ္ႏွင့္တစ္ဂိုးစီသေရက်တဲ့ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပထမအေက်ာ့ပြဲစဥ္တြင္အပိုင္အခြင့္အေရးကိုျဖဳန္းတီးပစ္ခဲ့တဲ့တီမိုဝါနာကိုေဝဖန္မႈျပဳလုပ္ခဲ့ပါတယ္။

ဒါေပမယ့္အစၥဘယ္လာဟာစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္ရီးရဲလ္မက္ဒရစ္အား၂-၀ဂိုးျဖင့္အႏိုင္ရရွိကာခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔တက္ေရာက္ခဲ့တဲ့ပြဲတြင္ဂိုးသြင္းယူခဲ့တဲ့တီမိုဝါနာကိုခ်ီးက်ဴးမႈျပဳလုပ္ခဲ့ပါတယ္။

သို႔ရာတြင္တီယာဂိုေဆးလ္ဗားဟာပထမအေက်ာ့တုန္းကလြဲေခ်ာ္မႈအတြက္ဝါနာကိုဇနီးသည္ကေဝဖန္ေျပာဆိုခဲ့မႈအတြက္ေတာင္းပန္မႈျပဳလုပ္ခဲ့ရပါတယ္။

ယင္းကိုတီမိုဝါနာကိုယ္တိုင္က “ခံစားခ်က္ေတြျမင့္တက္ေနတဲ့အခ်ိန္မွာဒါမ်ိဳးေတြကျဖစ္တတ္ပါတယ္။ေနာက္တစ္ေန႔က်ရင္တီယာဂိုဟာကြၽန္ေတာ့္ကိုတိုက္႐ိုက္ေတာင္းပန္မႈျပဳလုပ္ခဲ့ပါတယ္။အခုဒီျပႆနာမရွိပါဘူး။အခုကြၽန္ေတာ္တို႔အားေပ်ာ္႐ႊင္ေနၾကပါတယ္။သူမသာမဟုတ္ပါဘူး။အျခားကစားသမားေတြရဲ႕ဇနီးေတြလည္းေပ်ာ္ေနၾကပါတယ္။ကြၽန္ေတာ္တို႔ေနာက္ထပ္တစ္ႀကိမ္သူတို႔ကိုေပ်ာ္ေအာင္လုပ္ႏိုင္ဖို႔ေမွ်ာ္လင့္ေနပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။