ဝက်စ်ဘရွန်းပွဲမှအနိုင်ဂိုးကို ကောင်းကင်ဘုံမှဖခင်ဖြစ်သူ မြင်တွေ့နိုင်ရန် အလီဆင်မျှော်လင့်

လီဗာပူးဂိုးသမားအလီဆင်ကဝက်စ်ဘရွန်းနှင့်ပွဲတွင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်မျက်ရည်ကျရခြင်းမှာသူ့သွင်းဂိုးကိုဖခင်ဖြစ်သူမြင်တွေ့စေလိုမှုကြောင့်ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

ဘရာဇီးဂိုးသမားဟာဝက်စ်ဘရွန်းအား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်ရဲ့နာကျင်အချိန်ပိုမှာလီဗာပူးအတွက်အဖိုးတန်အနိုင်ဂိုးကိုထောင့်ကန်ဘောမှခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ယင်းသို့အနိုင်ဂိုးသွင်းနိုင်ခဲ့သော်လည်းအလစ်ဆင်ဟာကွင်းထဲမှာငိုနေခဲ့ပါတယ်။

အလစ်ဆင်ကယင်းသို့ငိုရခြင်းမှာကွယ်လွန်သွားပြီဖြစ်တဲ့ဖခင်ဖြစ်သူနှင့်ဆက်နွယ်နေကြောင်းပြောကြားသွားပါတယ်။အလစ်ဆင်ရဲ့ဖခင်ဟိုဆေးအေဂိုစတင်ဟိုဟာဖေဖော်ဝါရီလတုန်းကဘရာဇီးရှိဆည်တစ်ခုတွင်ရေနစ်သေဆုံးခဲ့ပါတယ်။

အလစ်ဆင်က “ပြီးခဲ့တဲ့သုံးလအတွင်းမှာကျွန်တော့်မိသားစုနဲ့ပတ်သက်ပြီးဖြစ်ပျက်ခဲ့တာတွေကြောင့်မျက်ရည်ကျရတာပါ။ဒါပေမယ့်ဘောလုံးကကျွန်တော့်ဘဝပါ။သိတတ်စအရွယ်ကတည်းကဘောလုံးကစားလာခဲ့တာပါ။ကျွန်တော့်အဖေဒီဂိုးကိုမြင်နိုင်ဖို့မျှော်လင့်ပါတယ်။မြင်လိမ့်မယ်လို့လည်းယုံကြည်တယ်။ဘုရားသခင်ကသူ့အနားမှာရှိနေပြီးအောင်ပွဲခံနေပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

zawgyi

ဝက္စ္ဘ႐ြန္းပြဲမွအႏိုင္ဂိုးကို ေကာင္းကင္ဘုံမွဖခင္ျဖစ္သူ ျမင္ေတြ႕ႏိုင္ရန္ အလီဆင္ေမွ်ာ္လင့္

လီဗာပူးဂိုးသမားအလီဆင္ကဝက္စ္ဘ႐ြန္းႏွင့္ပြဲတြင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္မ်က္ရည္က်ရျခင္းမွာသူ႔သြင္းဂိုးကိုဖခင္ျဖစ္သူျမင္ေတြ႕ေစလိုမႈေၾကာင့္ျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဘရာဇီးဂိုးသမားဟာဝက္စ္ဘ႐ြန္းအား၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္ရဲ႕နာက်င္အခ်ိန္ပိုမွာလီဗာပူးအတြက္အဖိုးတန္အႏိုင္ဂိုးကိုေထာင့္ကန္ေဘာမွေခါင္းတိုက္သြင္းယူခဲ့ပါတယ္။ယင္းသို႔အႏိုင္ဂိုးသြင္းႏိုင္ခဲ့ေသာ္လည္းအလစ္ဆင္ဟာကြင္းထဲမွာငိုေနခဲ့ပါတယ္။

အလစ္ဆင္ကယင္းသို႔ငိုရျခင္းမွာကြယ္လြန္သြားၿပီျဖစ္တဲ့ဖခင္ျဖစ္သူႏွင့္ဆက္ႏြယ္ေနေၾကာင္းေျပာၾကားသြားပါတယ္။အလစ္ဆင္ရဲ႕ဖခင္ဟိုေဆးေအဂိုစတင္ဟိုဟာေဖေဖာ္ဝါရီလတုန္းကဘရာဇီးရွိဆည္တစ္ခုတြင္ေရနစ္ေသဆုံးခဲ့ပါတယ္။

အလစ္ဆင္က “ၿပီးခဲ့တဲ့သုံးလအတြင္းမွာကြၽန္ေတာ့္မိသားစုနဲ႔ပတ္သက္ၿပီးျဖစ္ပ်က္ခဲ့တာေတြေၾကာင့္မ်က္ရည္က်ရတာပါ။ဒါေပမယ့္ေဘာလုံးကကြၽန္ေတာ့္ဘဝပါ။သိတတ္စအ႐ြယ္ကတည္းကေဘာလုံးကစားလာခဲ့တာပါ။ကြၽန္ေတာ့္အေဖဒီဂိုးကိုျမင္ႏိုင္ဖို႔ေမွ်ာ္လင့္ပါတယ္။ျမင္လိမ့္မယ္လို႔လည္းယုံၾကည္တယ္။ဘုရားသခင္ကသူ႔အနားမွာရွိေနၿပီးေအာင္ပြဲခံေနပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။