တေးသီငှက်သံကြားရမယ့် ဘာမင်ဂမ်ဒါဘီ

သောကြာည အင်္ဂလန်ချန်ပီယံရှစ် ပွဲစဉ် (၁၂)ပွဲကြိုသုံးသပ်ချက်

ဝက်စ်ဘရွန်း နှင့် ဘာမင်ဂမ် (ည ၁း၃၀)(ဇေကြီး)

ဘာမင်ဂမ်မြို့အခြေစိုက်အသင်းတွေရဲ့ဒါဘီပွဲကအစဉ်အလာတိုင်းပွဲဆူကြဦးမှာပါ။ ဝက်စ်ဘရွန်းဟာချန်ပီယံရှစ်နောက်ဆုံးပွဲစဉ်မှာစတုတ်စီးတီးကိုရှုံးခဲ့ပေမယ့်ဒီရာသီအိမ်ကွင်းရှုံးပွဲမရှိခဲ့ပါဘူး။ ဘာမင်ဂမ်ကတော့နောက်ဆုံး၅ပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့ပါတယ်။အဲဒီ ၅ပွဲမှာပရက်စ်တန်နဲ့တစ်ပွဲတည်းပဲသ ရေကျပြီးကျန် ၄ပွဲရှုံးခဲ့ပါတယ်။

အဆိုးဆုံးကတော့တိုက်စစ်ပါ။ဝါရင့်တိုက်စစ်မှူး ဒီးနီကို ခေါ်ထားပေမယ့်ဘာမင်ဂမ်ရဲ့တိုက်စစ်ဟာနောက်ဆုံး၄ပွဲဆက်ဂိုးပေါက်ပျောက်ခဲ့ပါတယ်။ ဒီပုံစံအရဝက်စ်ဘရွန်းကိုဘာမင်ဂမ်ဂိုးသွင်းနိုင်ခြေမရှိဘူး။ဝက်စ်ဘရွန်းပဲဂိုးပြတ်နိုင်သွားပါလိမ့်မယ်။ အိမ်ရှင်တေးသီငှက်တွေရဲ့အသံကြားရမယ့်ဒါဘီပွဲပဲ ဖြစ်ပါတယ်။

zawgyi

ေတးသီငွက္သံၾကားရမယ့္ ဘာမင္ဂမ္ဒါဘီ

ေသာၾကာည အဂၤလန္ခ်န္ပီယံရွစ္ ပြဲစဥ္ (၁၂)ပြဲႀကိဳသုံးသပ္ခ်က္

ဝက္စ္ဘ႐ြန္း ႏွင့္ ဘာမင္ဂမ္ (ည ၁း၃၀)(ေဇႀကီး)

ဘာမင္ဂမ္ၿမိဳ႕အေျခစိုက္အသင္းေတြရဲ႕ ဒါဘီပြဲက အစဥ္အလာတိုင္း ပြဲဆူၾကဦးမွာပါ။ ဝက္စ္ဘ႐ြန္းဟာ ခ်န္ပီယံရွစ္ေနာက္ဆုံးပြဲစဥ္မွာ စတုတ္စီးတီးကို ရႈံးခဲ့ေပမယ့္ ဒီရာသီ အိမ္ကြင္းရႈံးပြဲ မရွိခဲ့ပါဘူး။ ဘာမင္ဂမ္ကေတာ့ ေနာက္ဆုံး ၅ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ခဲ့ပါတယ္။အဲဒီ ၅ပြဲမွာ ပရက္စ္တန္နဲ႔တစ္ပြဲတည္းပဲ သေရက်ၿပီး က်န္ ၄ပြဲရႈံးခဲ့ပါတယ္။

အဆိုးဆုံးကေတာ့ တိုက္စစ္ပါ။ ဝါရင့္တိုက္စစ္မႉး ဒီးနီကို ေခၚထားေပမယ့္ ဘာမင္ဂမ္ရဲ႕တိုက္စစ္ဟာ ေနာက္ဆုံး ၄ပြဲဆက္ ဂိုးေပါက္ေပ်ာက္ခဲ့ပါတယ္။ ဒီပုံစံအရ ဝက္စ္ဘ႐ြန္းကို ဘာမင္ဂမ္ ဂိုးသြင္းႏိုင္ေျခမရွိဘူး။ဝက္စ္ဘ႐ြန္းပဲ ဂိုးျပတ္ႏိုင္သြားပါလိမ့္မယ္။ အိမ္ရွင္ေတးသီငွက္ေတြရဲ႕အသံၾကားရမယ့္ ဒါဘီပြဲပဲ ျဖစ္ပါတယ္။