”တူထုသံ ကြားရုံနဲ့တင် တေးသီငှက် အသက်ပျောက်သွားစေရမယ်”

အင်္ဂါည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၁၈ ပွဲကြိုသုံးသပ်ချက်

ဝက်စ်ဟမ်း နှင့် ဝက်စ်ဘရွန်း (ည ၁၂:၃၀)(အိုဇုန်း)

နောက်ဆုံးပွဲစဉ်မှာဝုဗ်ကိုအနိုင်ယူပြီး ကာလရှည်ကြာနိုင်ပွဲပျောက်ဆုံးနေမှုကိုဝက်စ်ဘရွန်းရပ်တန့်လိုက်နိုင်ပါတယ်။ဒါပေမဲ့သူတို့ရဲ့ခြေစွမ်းကတည်ငြိမ်မှုမရှိသေးဘဲခံစစ်ယိုယွင်းလွန်းမှုကအဓိကပြဿနာလို ဖြစ်နေတယ်။

တိုက်စစ်ပိုင်းကဂိုးတွေရလာပေမယ့် ပါရဲရားတစ်ဦးသာဒေါင်ဒေါင်မြည်ရှိပြီး တွဲဖက်ခြေစွမ်းပြသူတွေထဲကဂယ်လာဂါပွဲပယ်ထိ၊ ဂရန့်ကနာနေပါတယ်။ဒါကြောင့်ဝက်စ်ဘရွန်းတိုက်စစ်ကထင်သလောက်အစွမ်းပြဖို့မလွယ်ဘူး။ အစွမ်းပြနိုင်မယ်ဆိုရင်လည်းခံစစ်ကပြန်ပြီးပွင့်ထွက်သွားပါလိမ့်မယ်။

ဝက်စ်ဟမ်းကတော့သူတို့ရဲ့နောက်ဆုံး ၄ပွဲဆက်တိုက်ဂိုးမပေးရအောင်စွမ်းဆောင်ထားနိုင်တဲ့အထိခံစစ်ပိုင်းလုံခြုံလွန်းနေတဲ့အသင်းပါ။ဝက်စ်ဟမ်းတိုက်စစ်ကလည်းခရက်စ်ဝဲလ်၊ ဆူဆက်၊ အန်တိုနီယို၊ ဘိုဝင်တို့ ခြေစွမ်းပြမှုနဲ့အတူဂိုးသွင်းအားစိတ်ချရတယ်။

ပြောရမယ်ဆိုရင်ဝက်စ်ဟမ်းတိုက်စစ်ကိုအဝေးကွင်းမှာဝက်စ်ဘရွန်းဘယ်လိုနည်းနဲ့မှထိန်းချုပ်ဖို့မလွယ်ပါဘူး။ပွဲစတယ်ဆိုကတည်းကဝက်စ်ဟမ်းကချည်းပဲ တစ်ဖက်သတ်ဖိအားပေးပြီးဂိုးတွေသွင်းလို့ ပြတ်ပြတ်သားသားအနိုင်ယူပြပါလိမ့်မယ်။

ဒါကြောင့်လည်းဝက်စ်ဟမ်းကတစ်ဂိုးနိုင်တာတောင် ၂၅ရမယ်လို့ အကျောပေးထားတာပါ။ဘာပဲဖြစ်နေနေဝက်စ်ဟမ်းအနိုင်သေချာပြီး ဂိုးလည်းပြတ်သားမယ်လို့ယုံကြည်တယ်။ဝက်စ်ဘရွန်းဆိုတဲ့ တေးသီငှက်ဟာဝက်စ်ဟမ်းရဲ့တူထုသံကြားတာနဲ့တင်အသက်ပျောက်သွားနိုင်ပါတယ်။

zawgyi




