တေးသီငှက်အသံ ချိုမြနေပါလိမ့်မယ်

ကြာသပတေးည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၂၉ ပွဲကြိုသုံးသပ်ချက်

ဝက်စ်ဘရွန်း နှင့် အဲဗာတန် (ည ၁၂:၃၀)(အိုဇုန်း)

တန်းဆင်းဇုန်ထဲကရုန်းထွက်နိုင်ဖို့ ကြိုးစားရင်းဝက်စ်ဘရွန်းရဲ့ခြေစွမ်းနဲ့ ရလဒ်ပိုင်းတိုးတက်လာပါတယ်။ပရီးမီးယားလိဂ်နောက်ဆုံး၃ပွဲဆက်တိုက်မရှုံးဘဲ နောက်ဆုံးပွဲမှာဆိုရင်ဘရိုက်တန်ကိုအနိုင်ရရှိခဲ့တယ်။

အဲဗာတန်ကလည်းအိမ်ကွင်းညံ့ဖျင်းလှပေမယ့်အဝေးကွင်းခြေစွမ်းတော့မာကျောထက်မြက်လွန်းပြီးပရီးမီးယားလိဂ်အဝေးကွင်းနောက်ဆုံး ၈ပွဲဆက်မရှုံးဘဲ ၆ပွဲနိုင်၊ ၂ပွဲသရေကျခဲ့တယ်။ဒါကြောင့်ဝက်စ်ဘရွန်းအနေနဲ့အိမ်ကွင်းဆိုပေမယ့်လည်းခံစစ်အားပြုယှဉ်ပြိုင်မှာပါ။

လီဝင်ဦးဆောင်လာမယ့်အဲဗာတန်တိုက်စစ်လုံးဝလှုပ်လို့ရမှာမဟုတ်ဘူး။သရေခံကစားနိုင်စွမ်းရှိနေတဲ့ဝက်စ်ဘရွန်းနဲ့အတူစွန့်စားပါ။ တေးသီငှက်အသံ ချိုမြနေပါလိမ့်မယ်။

zawgyi




