ဂိုးမိုးခေါင်ရပ်ဝန်းမှာ မြေခွေးတွေမြူးတူးနေတယ်

တနင်္လာည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၂ ပွဲကြိုသုံးသပ်ချက်

ဝက်စ်ဟမ်း နှင့် လက်စတာ (ည ၁း၃၀)(စိုင်းကို တောင်ကြီး)

ရာသီကြိုကာလတစ်လျှောက်လုံးပြင်ဆင်မှုအားကောင်းခဲ့တဲ့ဝက်စ်ဟမ်းရဲ့အဓိကရည်မှန်းချက်ကခံစစ်ပိုင်းလုံခြုံဖို့ပါ။ဒါပေမဲ့လည်းအန်တိုနီယိုဦးဆောင်တဲ့တိုက်စစ်ကသာပိုမိုအားကောင်းလာပြီးဒေါ်ဆန်၊ အော့ဘွန်နာတို့ရဲ့ နောက်တန်းကတော့ထူးမခြားနားအတိုင်းယိုယွင်းနေဆဲဆိုတာနယူးကာဆယ်နဲ့အဖွင့်ပွဲစဉ်မှာမြင်လိုက်ရတယ်။

လက်စတာကတော့ကွန်မြူနတီဒိုင်းမှာမန်စီးတီးကိုအနိုင်ယူ၊ လိဂ်အဖွင့်ပွဲမှာဝုဗ်ကိုအနိုင်ယူထားပြီးခံစစ်ကလည်းပေးဂိုးလုံးဝမရှိခဲ့တဲ့အသင်းပါ။လက်စတာခံစစ်ကကိုအာဒီ၊ ကယ်မန်၊ ဆာအစ်တို့ အတွဲအဖက်မိမှုကြောင့်လုံခြံုလွန်းပြီးကွင်းလယ်မာကျောမှုကြောင့်လည်းတစ်သင်းလုံးဟန်ချက်ညီညီကစားနိုင်စွမ်းရှိနေတာဖြစ်တယ်။

လက်စတာရဲ့မာကျောမှုကြောင့်ဝက်စ်ဟမ်းတိုက်စစ်ဘယ်လောက်ပဲခြေစွာစွာဂိုးရအောင်သွင်းယူနိုင်ဖို့မလွယ်ဘူး။ဗာဒီဦးဆောင်လာမယ့်လက်စတာတိုက်စစ်ကလည်းအမှားများတဲ့ဝက်စ်ဟမ်းနောက်တန်းကိုထိုးဖောက်ဂိုးသွင်းနိုင်လိမ့်မယ်။တွေ့ဆုံခဲ့ကြတဲ့နောက်ဆုံး ၅ပွဲဆက်တိုက်ဂိုးပေါင်းအပေါ်တွေအောင်ထားပေမယ့်အခုပွဲမှာတော့လက်စတာရဲ့ကစားဟန်ကြောင့်ဂိုးနည်းသွားဖို့ သေချာတယ်။

ဘော်ဒီအနေနဲ့ကသရေတစ်မှတ်ယူနိုင်ရင်ပဲ ၁၅ရရှိမယ့်လက်စတာကိုရွေးမယ်။ ဂိုးပေါင်းကတော့လတ်တလောအစဉ်အလာဆိုတာတွေကိုဆန့်ကျင်ပြီးဂိုးအောက်ပေါ့။ဂိုးမိုးခေါင်ရပ်ဝန်းမှာမြေခွေးတွေမြူးတူးနေတယ်လို့သာဆိုလိုက်ပါရစေ။

zawgyi

ဂိုးမိုးေခါင္ရပ္ဝန္းမွာ ေျမေခြးေတြျမဴးတူးေနတယ္

တနလၤာည အဂၤလန္ပရီးမီးယားလိဂ္ ပြဲစဥ္-၂ ပြဲႀကိဳသုံးသပ္ခ်က္

ဝက္စ္ဟမ္း ႏွင့္ လက္စတာ (ည ၁း၃၀)(စိုင္းကို ေတာင္ႀကီး)

ရာသီႀကိဳကာလတစ္ေလွ်ာက္လုံး ျပင္ဆင္မႈအားေကာင္းခဲ့တဲ့ ဝက္စ္ဟမ္းရဲ႕အဓိကရည္မွန္းခ်က္က ခံစစ္ပိုင္း လုံၿခဳံဖို႔ပါ။ဒါေပမဲ့လည္း အန္တိုနီယိုဦးေဆာင္တဲ့ တိုက္စစ္ကသာ ပိုမိုအားေကာင္းလာၿပီး ေဒၚဆန္၊ ေအာ့ဘြန္နာတို႔ရဲ႕ ေနာက္တန္းကေတာ့ ထူးမျခားနားအတိုင္း ယိုယြင္းေနဆဲဆိုတာ နယူးကာဆယ္နဲ႔အဖြင့္ပြဲစဥ္မွာ ျမင္လိုက္ရတယ္။လက္စတာကေတာ့ ကြန္ျမဴနတီဒိုင္းမွာ မန္စီးတီးကိုအႏိုင္ယူ၊ လိဂ္အဖြင့္ပြဲမွာ ဝုဗ္ကိုအႏိုင္ယူထားၿပီး ခံစစ္ကလည္း ေပးဂိုးလုံးဝမရွိခဲ့တဲ့အသင္းပါ။

လက္စတာခံစစ္က ကိုအာဒီ၊ ကယ္မန္၊ ဆာအစ္တို႔ အတြဲအဖက္မိမႈေၾကာင့္ လုံၿခံဳလြန္းၿပီး ကြင္းလယ္မာေက်ာမႈေၾကာင့္လည္း တစ္သင္းလုံး ဟန္ခ်က္ညီညီ ကစားႏိုင္စြမ္းရွိေနတာျဖစ္တယ္။လက္စတာရဲ႕မာေက်ာမႈေၾကာင့္ ဝက္စ္ဟမ္းတိုက္စစ္ ဘယ္ေလာက္ပဲေျခစြာစြာ ဂိုးရေအာင္သြင္းယူႏိုင္ဖို႔မလြယ္ဘူး။ဗာဒီဦးေဆာင္လာမယ့္ လက္စတာတိုက္စစ္ကလည္း အမွားမ်ားတဲ့ ဝက္စ္ဟမ္းေနာက္တန္းကို ထိုးေဖာက္ဂိုးသြင္းႏိုင္လိမ့္မယ္။ေတြ႕ဆုံခဲ့ၾကတဲ့ ေနာက္ဆုံး ၅ပြဲဆက္တိုက္ ဂိုးေပါင္းအေပၚေတြေအာင္ထားေပမယ့္ အခုပြဲမွာေတာ့ လက္စတာရဲ႕ကစားဟန္ေၾကာင့္ ဂိုးနည္းသြားဖို႔ ေသခ်ာတယ္။ေဘာ္ဒီအေနနဲ႔က သေရတစ္မွတ္ယူႏိုင္ရင္ပဲ ၁၅ရရွိမယ့္ လက္စတာကိုေ႐ြးမယ္။ ဂိုးေပါင္းကေတာ့ လတ္တေလာအစဥ္အလာဆိုတာေတြကို ဆန႔္က်င္ၿပီး ဂိုးေအာက္ေပါ့။ဂိုးမိုးေခါင္ရပ္ဝန္းမွာ ေျမေခြးေတြျမဴးတူးေနတယ္လို႔သာ ဆိုလိုက္ပါရေစ။