တူထုသံတွေကို နားဆင်ဖို့ ပြင်ဆင်ထားကြ

ဗုဒ္ဓဟူးည အင်္ဂလန်လိဂ်ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဝက်စ်ဟမ်း နှင့် မန်စီးတီး (ည ၁း၁၅)(သတိုး မှော်ဘီ)

ဒီရာသီမန်စီးတီးတိုက်စစ်ကအတော်လေးကိုထက်မြက်အားကောင်းတာအမှန်ပါပဲ။ဒါပေမဲ့ခံစစ်နဲ့ ကွင်းလယ်ယိုယွင်းအားပျော့လွန်းမှုကိုလည်းမန်စီးတီးမပြင်ဆင်နိုင်သေးဘူး။အခုလိုမျိုးဖလားပွဲစဉ်မှာမန်စီးတီးအနေနဲ့ အရန်တွေကိုအဓိကအသုံးပြုလာနိုင်တယ်။

ဝက်စ်ဟမ်းဆိုတာကပရီးမီးယားလိဂ်အဆင့် ၄နေရာမှာရပ်တည်နေပြီးလောလောဆယ်ခံစစ်နဲ့ကွင်းလယ်ပိုင်းအရမ်းကိုအားကောင်းလွန်းနေတဲ့အသင်းဖြစ်တယ်။အိမ်ကွင်းမှာမာဂုဏ်ပြသမယ့်ဝက်စ်ဟမ်းကိုမန်စီးတီးဂိုးပြတ်နိုင်ဖို့ဆိုတာခဲယဉ်းပါလိမ့်မယ်။ တူထုသံတွေကို နားဆင်ဖို့ပြင်ဆင်ထားကြပါ။

zawgyi




