ဈေးကွက်အမြင်၊ဈေးကွက်စကား

ဈေးကွက်အမြင်၊ဈေးကွက်စကား

ဇဝန

တနင်္ဂနွေညအတွက်ကျွန်တော်ညွှန်းပေးခဲ့ချင်တဲ့ပွဲစဉ်ကတော့(ဝက်စ်ဟမ်း~မန်ယူ)ပွဲစဉ်ပါပဲ။ဒီပွဲစဉ်အတွက်(မန်ယူ)အသင်းက(ဝက်စ်ဟမ်း)အသင်းကို ၁+၅၀အနိုင်၊အကျောပေးထားပြီးဂိုးပေါင်းဈေးကွက်ကတော့၃+၃၅အနိုင်ပါ။(ဝက်စ်ဟမ်း~မန်ယူ)ပွဲစဉ်မှာဖွင့်လှစ်ပေးထားခဲ့တဲ့ဂိုးပေါင်းဈေးကွက်ဟာ ပြိုင်ဘက်နှစ်သင်းစလုံးရဲ့စရိုက်အရမှန်ကန်တဲ့ခင်းကျင်းမူ့ပါပဲ။ဒါပေမယ့် ဒီပွဲစဉ်ရဲ့ဂိုးပေါင်းဈေးနဲ့ပြိုင်ဘက်နှစ်သင်းရဲ့စရိုက်အရဒီပွဲမှာတနင်္ဂနွေညအတွက် (ဂိုးပေါ်)ဇယားကို ဖိုက်တာတွေစုပြုံနေမယ့်အချက်ကိုညီအစ်ကိုတွေသတိထားကြရပါလိမ့်မယ်။

ဝက်စ်ဟမ်းအသင်းထင်ပေါ်လွန်းနေတဲ့အချက်ဟာတိုက်စစ်ကြောင့်သာဖြစ်ပြီး(မန်ယူ)ခံစစ်အမှားများနေမူ့နဲ့(မန်ယူ)တိုက်စစ်အားကောင်းနေတဲ့အချက် အလက်တွေမှာဒီပွဲစဉ်အတွက်ဖွင့်လှစ်ပေးထားတဲ့ဂိုးပေါင်းဈေးကွက်၃+၃၅အနိုင်ဟာဖိုက်တာတွေအတွက်လက်တွန့်နေမယ့်အနေအထားတွေမရှိတာကြောင့်ပါပဲ။ရိုးရိုးသားသားဝန်ခံရရင်ပြီးခဲ့တဲ့(၂)နှစ်အတွင်းမှာ(မန်ယူ)ပွဲစဉ်ဆိုရင်ကျွန်တော်(လုံးဝ)လက်ရှောင်ခဲ့ပါတယ်။ဘာ့ကြောင့်လဲဆိုတော့ထိပ်စီးလိဂ်ကြီး(၄)ခုကပွဲစဉ်တွေမှာ(မန်ယူ)ပွဲစဉ်ဟာဖမ်းဆုပ်ရအခက်ခဲဆုံးမို့ပါပဲ။

အပေါ်မှန်းရင်အောက်ကြေးစားတဲ့ကလပ်ဖြစ်ပြီးအောက်မှန်းရင်အပေါ်ကြေးစားတဲ့ကလပ်ဖြစ်တာကြောင့်ပါ။ကျွန်တော်သိသလောက်တော့(မန်ယူ)ပွဲစဉ်ကိုပြီးခဲ့တဲ့(၂)နှစ်အတွင်း၆၅%အထက်မှန်ကန်အောင်ခန့်မှန်းနိုင်ခဲ့သူမရှိခဲ့ဘူးဆိုတာပါပဲ။ကျွန်တော်ပြောချင်တာကအာရှကြေးအရဈေးကွက်ကို ၆၅% အထက်အောင်မြင်အောင်မစွမ်းနိုင်ခဲ့ဘူးဆိုတာပါ။ဒီညအတွက်ကိုတော့(မန်ယူ)ဈေးကွက်ဟာယုံကြည်ရလောက်တဲ့အချက်အလက်တွေရှိနေတာကြောင့်(မန်ယူဘော်ဒီ)ကို ရွေးချယ်ပေးလိုက်တာပါ။

မန်ယူအသင်းရဲ့လက်ရှိအနေအထားနဲ့(ဝက်စ်ဟမ်း)အသင်းကို၁+၅၀အနိုင်ဟာသံသယဖြစ်စရာမရှိပါဘူးးးအကြောင်းကတော့(မန်ယူ)ဟာဈေးကွက်စီးဆင်းမူ့အရလည်းမက်လောက်စရာမရှိသလို(ဝက်စ်ဟမ်း)ဘက်ကကြည့်ရင်အောက်အသင်းတစ်ခုအနေနဲ့ရင်းပျော်နေတဲ့အချက်တွေအပြည့်အဝရှိနေတာကြောင့်ပါပဲ။

ဝက်စ်ဟမ်းအသင်းဟာဈေးကွက်ဖြတ်ကျော်နိုင်မူ့အရပြိုင်ပွဲစုံနောက်ဆုံး(၈)ပွဲမှာ(၂)ပွဲသာ ဈေးကွက်ကျဆုံးခဲ့ပြီးဈေးကွက်ကျဆုံးခဲ့တဲ့(၂)ပွဲကလည်း အပေါ်ကြေးပေးခဲ့တဲ့(၂)ပွဲပါ။(ဝက်စ်ဟမ်း)အသင်းဟာပြိုင်ပွဲစုံနောက်ဆုံး(၁၄)ပွဲဆက်ရှုံးပွဲမရှိ၊ဖြတ်ကျော်ထားသလိုတိုက်စစ်ပိုင်းအနေနဲ့ပြိုင်ပွဲစုံနောက်ဆုံး (၁၄) ပွဲမှာ(၂)ပွဲသာ သွင်းဂိုးပျောက်ဆုံးခဲ့တာမို့(မန်ယူ)အနေအထားနဲ့လက်ရှိဈေးကွက်၁+၅၀အနိုင်ထက်ပိုပြီးမြင့်တင်ပေးလို့မရတော့ဘူးဆိုတာ ရှင်းလင်းလွန်းပါတယ်။ဒါ့ကြောင့်ဈေးမှန်၊ကြေးတန်နေတဲ့(မန်ယူဘော်ဒီ)ဟာတနင်္ဂနွေညအတွက်အကောင်းဆုံးရိုက်ကွက်တစ်ခုဖြစ်ကြောင်းညီအစ်ကိုတွေအားလုံးအ တွက်မိတ်ဆက်ပေးခဲ့ချင်ပါတယ်။

zawgyi


#ဇဝန




