Best Choice Fighter(5)Saturday

Best Choice Fighter(5)Saturday

Tipster Thiri Shinn Thant

F(1)West Ham(1+25,3+90) Vs Crystal Palace

ရွိုင်းဟော့ဆန်လက်ထက်မှာခရစ္စတယ်ပဲလေ့စ်ဟာအသင်းကောင်းတစ်သင်းမဖြစ်ခဲ့ရင်တောင်ဖျက်မြင်းအဆင့်မှာရှိနေတဲ့ အသင်းတစ်သင်းအဖြစ်တော့စာဖတ်ပရိတ်သတ်တွေလည်းလက်ခံမိကြပါလိမ့်မည်။စာရေးသူတို့ အိမ်ရှင်ဘက်ကိုထပ်မံ၍ Data လိုက်တဲ့အခါ အိမ်ရှင်အသင်းဟာဒေးဗစ်မိုယက်စ်လက်ထက်မှာအတော်လေးလူရိုသေ၊ရှင်ရိုသေဖြစ်လာတဲ့အသင်းလို့ တင်စားရမလိုပါပဲ။

စာရေးသူဟာ ဒီပွဲကို ကစားသမား၊ဈေးကွက်၊ထိပ်တိုက်တွေ့ဆုံမှု့တွေထက် ပြိုင်ဘက်နည်းပြနှစ်ဦး၏ လုပ်ရည်ကိုင်ရည်ကိုသာဗဟိုပြုပြီးအကျိုးပြုသားကောင်ကိုရွေးထုတ်သွားဖို့ Decision ချထားပြီးဖြစ်ပါသည်။ဘာ့ကြောင့်လဲဆိုတဲ့အဖြေကရှင်းရှင်းလေးရယ်ပါ။ချယ်ဆီးကစားသမားပူလီဆစ်ဟာတော်ယုံအသင်းကို ဂိုးမသွင်းနိုင်ပါဘူး။ပူလီဆစ်လိုကစားသမားက ဂိုးအလွယ်တကူရနေရင်ပြိုင်ဘက်အသင်းတစ်သင်းမှာပြဿနာတော့ရှိနေပါပြီ။အဲ့အကျိုးဆက်ကိုခံစားနေရတာကဗီအဲရာဦးဆောင်နေတဲ့ ” ပဲလေ့စ် ” အသင်းပါ။

ကိုနော်၊ဂျိမ်းမက်သယူး၊ကနူတေး၊ဇာဟာနှင့်ဘန်တီကီတို့ရှိတဲ့ ပဲလေ့စ်ရဲ့ကစားသမားအင်အားဟာတောင့်တင်းနေဆဲပါ။ထို့အတူအိမ်ရှင်ကလည်းပါဘလိုဖော်နယ်၊ဒီကလန်ရိုက်စ်၊သောမတ်ဆာကေး၊ဘိုဝင်နှင့်အန်တိုနီယိုတို့ရှိနေလို့ တောင့်တင်းနေဆဲဖြစ်သလိုလင်ဂတ်နှင့်ဖီလစ်ပီအန်ဒါဆင်တို့မရှိတဲ့အနေအထားမှာတောင်အရံစာရင်းမှာ နိုဘယ်၊လန်ဇီနီနှင့်ယာမိုလန်ကိုတို့လိုဖိုက်တာ‌တွေရှိနေလို့ခရစ္စတယ်ပဲလေ့စ်ရဲ့ကစားသမားအင်အားထက်ပိုမိုတောင့်တင်းနေတဲ့အချက်ကို စာဖတ် ပရိတ်သတ်ကြီးလဲသတိပြုမိပါလိမ့်မည်။

ပွဲစဉ်(၃)ပွဲကစားပြီးချိန်မှာအမှတ်ပေးပွဲစဉ်(၂)ပွဲတွင်ဗီအဲရာဟာ(၁)မှတ်သာရရှိထားပြီးအဆိုပါ(၁)မှတ်ကလည်းကံကောင်းလွန်းခဲ့လို့သာဘရန်းဖိုစ့်အသင်းဆီကနေခွဲယူနိုင်ခဲ့ခြင်းပါ။ပရီးမီးယားလိဒ်(၂)ပွဲမှာ(၂)ပွဲနိုင်ပြီး(၆)မှတ်ရရှိထားတဲ့ဒေးဗစ်        မိုယက်စ်ဟာတစ်ပွဲပျမ်းမျှ(၄)ဂိုးစီ သွင်းယူထားပါသည်။ခံစစ်မငြိမ်ပေမယ့်တိုက်စစ်ကအလုပ်ဖြစ်နေတဲ့ဒေးဗစ်မိုယက်စ်ရဲ့    ဝက်စ်ဟမ်းဟာဧည့်သည်အပေါ်ကိုမိနစ်(၉၀)အတွင်းအနိုင်ယူဖို့ရာ ရာနှုန်းပြည့်သေချာနေတာကြောင့်ခံစစ်ကောင်းတယ်လို့သာအကြမ်းဖျင်းသတ်မှတ်လို့ရမည့် ဧည့်သည်အတွက်ကတော့တိုက်စစ်ကဘာမှအလုပ်မဖြစ်တာကြောင့်ဖိုက်တာ(၁)အဖြစ် ဂိုးသွင်းခြေရှိသော” West Ham ” ကိုသာအပိုင်ချည်းကပ်ရမှာပါ။

zawgyi

Best Choice Fighter(5)Saturday

Tipster Thiri Shinn Thant

F(1)West Ham(1+25,3+90) Vs Crystal Palace



