တူထုသံတွေ ပဲ့တင်ထပ် ဆူညံနေစေရမယ်

ကြာသပတေးည ယူရိုပါလိဂ်အုပ်စုပွဲစဉ်-၂ နောက်ကျပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဝက်စ်ဟမ်း နှင့် ရက်ပစ်ဗီယင်နာ (ည ၁း၃၀)(အိုဇုန်း)

ရက်ပစ်ဗီယင်နာမှာခြေစွမ်းပြနိုင်သူထိပ်သီးကစားသမားတစ်ဦးမှရှိမနေဘဲအရန်ကစားသမားအင်အားကလည်းနည်းပါးလွန်းနေတယ်။ဒါကြောင့်လက်ရှိ ပြည်တွင်းပြည်ပပွဲစဉ်တွေမှာ ရက်ပစ်ဗီယင်နာရုန်းကန်နေရတာဖြစ်တယ်။ပရီးမီးယားလိဂ်ကလပ်ဝက်စ်ဟမ်းကတော့ဒီရာသီမှာခြေစွမ်းကောင်းပိုင်ဆိုင်ထားပြီးအိမ်ကွင်းဆိုရင်အန်တိုနီယိုဦးဆောင်တဲ့တိုက်စစ်ကြောက်စရာကောင်းလောက်အောင်ထက်မြက်မှုရှိတဲ့အသင်းပါ။

ဝက်စ်ဟမ်းရဲ့ကစားအားကိုရက်ပစ်ဗီယင်နာယှဉ်ပြိုင်အံတုဖို့ဆိုတာဘယ်လိုနည်းနဲ့မှကိုမဖြစ်နိုင်ဘူး။ဝက်စ်ဟမ်းဂိုးပြတ်နိုင်မှာပါ။ တူထုသံတွေပဲ့တင်ထပ်ဆူညံနေစေရပါမယ်။

zawgyi




