”အစဉ်အလာဆိုတာတွေရဲ့ ဆန့်ကျင်ဖက်အရပ်ဆီ”

တနင်္လာည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၂၄ ပွဲကြိုသုံးသပ်ချက်

ဝက်စ်ဟမ်း နှင့် ရှက်ဖီးယူနိုက်တက် (ည ၁၂:၃၀)(အိုဇုန်း)

ဇယားအောက်ဆုံးကရုန်းထွက်နိုင်ဖို့ ရှက်ဖီးယူနိုက်တက်အားကုန်ရုန်းကြိုးစားနေပြီးအခုနောက်ပိုင်းခြေစွမ်းနဲ့ရလဒ်တွေတိုးတက်လာတယ်။နောက်တန်းမှာ အားနည်းမှုတွေရှိနေပေမယ့်လည်းမက်ဂိုးရစ်၊ ရှက်တို့ရဲ့ရှက်ဖီးတိုက်စစ်ကတော့ဂိုးသွင်းအားရှိလာတယ်ဆိုရမယ်။

ဝက်စ်ဟမ်းကတော့ဆူဆက်၊ အန်တိုနီယို၊ ဘိုဝင်တို့ရဲ့တိုက်စစ်ပိုင်းကအိမ်ကွင်းဆိုရင်ဂိုးသွင်းအားစိတ်ချရတယ်။ ဒါပေမဲ့ လောလောဆယ်ခံစစ်ကတော့ အမှားများလာပါတယ်။

အစဉ်အလာမှာဒီနှစ်သင်းတွေ့ခဲ့တဲ့နောက်ဆုံး ၉ပွဲအနက်ဂိုးပေါင်းအပေါ်အောင်တာဆိုလို့ ရှားရှားပါးပါးတစ်ပွဲသာရှိထားခဲ့ရတယ်။ဒါပေမဲ့ဒီတစ်ပွဲမှာတော့ ဂိုးနည်းဖို့မလွယ်တော့ပါဘူး။ဂိုးပေါင်းအပေါ်အောင်သွားပါလိမ့်မယ်။ အစဉ်အလာဆိုတာတွေရဲ့ဆန့်ကျင်ဖက်အရပ်ဆီ မျက်နှာမူထားလိုက်ပါ။

zawgyi




