တေးသီငှက်သီဆိုမယ့် တေးသွားက နားဆင်လို့ကောင်းမှာ

တနင်္လာည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၃၄ ပွဲကြိုသုံးသပ်ချက်

ဝက်စ်ဘရွန်း နှင့် ဝုဗ် (ည ၁၁း၃၀)(အိုဇုန်း)

တန်းတင်ကျန်ရစ်ဖို့ သေချာနေပြီဖြစ်လို့ ဝုဗ်အသင်းအနာခံကစားတော့မှာမဟုတ်ဘူး။နီတိုနဲ့ ဂျီမီနက်ဇ်တို့လိုအဓိကဂိုးသွင်းရှင်တွေနာနေကြလို့ ဝုဗ်တိုက်စစ်ကအားပျော့နေမှာပါ။ဝုဗ်ခံစစ်ကြောင်းကလည်းအဝေးကွင်းဆိုရင်တည်ငြိမ်မှုအားနည်းလှတယ်။

ဝက်စ်ဘရွန်းကတော့ တန်းတင်ကျန်ရစ်ဖို့အားကုန်ရုန်းကြိုးစားနေပြီးလောလောဆယ်ဂိုးသွင်းအားထက်မြက်လွန်းနေတဲ့အသင်းပါ။ဒါကိုတောင်သရေဆိုရင်ဝုဗ်ကခပ်ပါးပါးလေးနစ်နာရမယ်ဆိုပါလား။

လက်ရှိခြေစွမ်းနဲ့အမှတ်လိုအပ်ချက်အရဝက်စ်ဘရွန်းအနေနဲ့ အိမ်ကွင်းမှာအနိမ့်ဆုံး သရေတစ်မှတ် ရယူနိုင်ပါလိမ့်မယ်။တေးသီငှက်သီဆိုမယ့် တေးသွားက နားဆင်လို့ကောင်းမှာပါ။

zawgyi




