ဘိုင်ယန်မြူးနစ် အနိုင်မရနိုင်ပါဘူး

စနေည ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်-၂၉ ပွဲကြိုသုံးသပ်ချက်

ဝုဖ်ဘတ် နှင့် ဘိုင်ယန်မြူးနစ် (ည ၈း၀၀)(မော်ကွန်း)

ပွဲဆက်တွေများပြီးပင်ပန်းတာကြောင့်ဘိုင်ယန်မြူးနစ်ရဲ့ခြေစွမ်းနဲ့ကစားအားကျဆင်းလာနေတယ်။လီဝန်ဒေါစကီးနာနေလို့ဘိုင်ယန်တိုက်စစ်ကအားပျော့နေနိုင်ပြီးခံစစ်နဲ့ကွင်းလယ်ကပါယိမ်းယိုင်နေချိန်ဆိုတော့ပိုပြီးစိုးရိမ်စရာကောင်းလာတယ်။

ဝုဖ်ဘတ်ကတော့ခံစစ်ပိုင်းပေးဂိုးများပေမယ့်ဝက်ဟော့ဦးဆောင်တဲ့တိုက်စစ်ဂိုးမြူးလာနေတဲ့အသင်းပါ။ဝုဖ်ဘတ်မှာအိမ်ရှင်အားသာချက်လည်းရှိတာကြောင့်ဘိုင်ယန်မြူးနစ်အနိုင်မရနိုင်ပါဘူး။




