”အစဉ်အလာဆိုတာရဲ့ဆန့်ကျင်ဖက်အရပ်ဆီသို့”

တနင်္လာည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၂၈ ပွဲကြိုသုံးသပ်ချက်

ဝုဗ် နှင့် လီဗာပူး (ည ၂:၃၀)(အိုဇုန်း)

လီဗာပူးရဲ့ဒီရာသီပြည်တွင်းခြေစွမ်းကအံ့အားသင့်စရာကောင်းလောက်အောင်ပဲကျဆင်းလွန်းနေတယ်။ ပရီးမီးယားလိဂ်နောက်ဆုံး ၇ပွဲမှာ ရှုံးပွဲ ၆ပွဲတောင် ရင်ဆိုင်ထားရတဲ့လီဗာပူးရဲ့အနေအထားစိတ်ပျက်စရာကောင်းလှပြီး ခံစစ်နဲ့ ကွင်းလယ်လုံးဝမတည်ငြိမ်ဘူး။

ဝုဗ်ကတော့ လတ်တလောခြေစွမ်းမာကျောလွန်းနေပြီးဘယ်လိုအသင်းမျိုးကိုမဆိုမရှုံးနိမ့်ရေးဦးစားပေးယှဉ်ပြိုင်နေတဲ့အသင်းပါ။ဂျီမီနက်ဇ်နဲ့ ပိုဒန်စီနာနေလို့ တိုက်စစ်ပိုင်းအားပျော့နိုင်တာကြောင့်ခံစစ်နဲ့ ကွင်းလယ်မာကျောအောင်ပဲဝုဗ်အဓိကထားပြင်ဆင်လာပါလိမ့်မယ်။

ဝုဗ်ရဲ့ခပ်မာမာတုံ့ပြန်အားကြောင့်အဝေးကွင်းမှာလီဗာပူး အခက်တွေ့မှာပါ။ အစဉ်အလာပိုင်းမှာလီဗာပူးအပြတ်အသတ်သာတာမှန်ပေမယ့်ဒီတစ်ကြိမ်တော့ ဝုဗ်ကိုအနိုင်မရနိုင်ပါဘူး။

zawgyi




