”ဝံပုလွေလား သိန်းငှက်လား ”

သောကြာညအင်္ဂလန်အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်များပွဲကြိုသုံးသပ်ချက်

ဝုဗ် နှင့် ပဲလေ့စ် (ည ၂:၁၅)(စိုင်းကို- တောင်ကြီး)

အဓိကဂိုးသွင်းရှင်တွေဖြစ်ကြတဲ့ပိုဒန်စီနဲ့ ဂျီမီနက်ဇ်တို့ ဒဏ်ရာရရှိနေကြတာကြောင့်ဝုဗ်တိုက်စစ်ကနီတိုနဲ့ ဆာအစ်တို့ကိုပဲအားကိုးရမှာပါ။အဲဒီထဲကမှ ကွင်းလယ်လူဆာအစ်ဆိုတာခြေသိပ်မှန်လှတာမဟုတ်ဘဲဂိုးဖန်တီးနိုင်စွမ်းလည်းအားနည်းသူဖြစ်လို့ နီတိုတစ်ယောက်တည်းလောက်နဲ့ ဝုဗ်ဘာမှစွမ်းနိုင်မှာ မဟုတ်ဘူး။

ဝုဗ်ရဲ့ခံစစ်ကြောင်းကိုကြည့်လိုက်ပြန်တော့လည်းနဂိုကတည်းကအမှားများပြီးယိုယွင်းလွန်းတာတွေ့ရတယ်။ပဲလေ့စ်ကလည်းအဓိကကစားသမားအတော်များများနာနေလို့ ခံစစ်ပိုင်းအားပျော့လွန်းနေတဲ့အသင်းပါ။

ပဲလေ့စ်တိုက်စစ်ကတော့လက်ရှိမှာဝုဗ်နဲ့ယှဉ်ရင်မဆိုးလှပါဘူး။ရှလပ်နဲ့ဘန်တီကီနာနေပေမယ့်သူတို့ရဲ့အဓိကဂိုးသွင်းစက်ဇာဟာအကောင်းဆုံးပုံစံရှိနေပါတယ်။

ဒါ့အပြင်တွဲဖက်ကြယ်ပွင့်တွေဖြစ်ကြတဲ့ အီဇီ၊ တောင်ဆန်၊ အယူးတို့ကလည်းအကောင်းဆုံးပုံစံပိုင်ဆိုင်ထားကြတာပါ။ဒါကြောင့်ဝုဗ်အနေနဲ့အိမ်ရှင်ဆိုပေမယ့်လည်းပဲလေ့စ်ကိုခြေစွမ်းအသာစီးယူကစားဖို့ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

ဒါကိုတောင်သရေဆိုရင်အိမ်ရှင်ဖြစ်တဲ့ ဝုဗ် နစ်နာရဦးမယ်ဆိုတော့ပဲလေ့စ်နဲ့အတူရှိနေရမယ်။ဝုဗ်ဆိုတဲ့ဝံပုလွေဟာပဲလေ့စ်ဆိုတဲ့သိန်းငှက်ရဲ့ထိုးသုတ်မှုကို ခံရတော့မှာပါ။ကျွန်တော်စိုင်းကိုနောက်ကိုယုံယုံကြည်ကြည်လိုက်ကြမယ်မဟုတ်လားဗျာ။

zawgyi




