တူထုသံတွေ ဆူဆူညံညံကြားရပါလိမ့်မယ်

တနင်္လာည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၃၀ ပွဲကြိုသုံးသပ်ချက်

ဝုဗ် နှင့် ဝက်စ်ဟမ်း (ည ၁:၄၅)(အိုဇုန်း)

နီဗက်စ်၊ နီတိုတို့ရဲ့ဝုဗ်တိုက်စစ်ကြောင်းကဂိုးသွင်းအားကျဆင်းလွန်းနေပြီးကွင်းလယ်နဲ့ခံစစ်ကလည်းတည်ငြိမ်မှုလုံးဝမရှိပါဘူး။ဝက်စ်ဟမ်းကတော့ခံစစ်နဲ့ ကွင်းလယ်အားပျော့တာမှန်ပေမယ့်ဆူဆက်၊ အန်တိုနီယိုတို့ရဲ့တိုက်စစ်ပိုင်းကတော့ဂိုးသွင်းအားရှိနေပါသေးတယ်။

ဒါကြောင့်အဝေးကွင်းဆိုပေမယ့်လည်းဝက်စ်ဟမ်းအနေနဲ့ ပွဲအစအဆုံးဖိအားပေးအနိုင်ယူကစားနိုင်ပါလိမ့်မယ်။ ဂိုးမပြတ်ဘူးဆိုရင်တောင်ဝက်စ်ဟမ်းအနိုင်သေချာတယ်။ တူထုသံတွေဆူဆူညံညံကြားရပါလိမ့်မယ်။

zawgyi




