ပရီးမီးယားလိဂ်ဆောင်းအမီရောက်လာမယ့် ဝံပုလွေတံဆိပ်ဂျီမီနက်ဇ်ဝိုင်

Play Maker 3D

◼️ Nကြယ်မင်း၊ဟန်စိုးသွေး၊မင်းနဒီ(Change)

အာဆင်နယ်သည်ပင်လျှင်တန်းဆင်းဇုန်ကိုထိနမ်းပြီးခဲ့သည့်နောက်မှာဘယ်လိုအကျဉ်းအကျပ်မျိုးကမှမထူးဆန်းတော့ဘူးထင်သည်။ဘယ်လိုအသွင်သဏ္ဍာန်နှင့် ဘယ်လိုအနှစ်အသားတွေပြောင်းလဲခဲ့သလဲတော့မပြောတတ်။ ပရီးမီးယားလိဂ်မှာနိုင်ပွဲတစ်ပွဲရဖို့ ပိုမိုခက်ခဲလာတာကတော့အမှန်ပဲဖြစ်သည်။ ဒီအချိန်ထိနိုင်ပွဲတစ်ပွဲမပိုင်ဆိုင်နိုင်သေးသည့်အသင်းတွေမှာနောဝစ်ချ်၊ ဘန်လေ၊ လိဒ်စ်၊ နယူးကာဆယ်နှင့်ဆောက်သမ်တန်တို့ဖြစ်သည်။ ဒီမှာတန်းဆင်းဇုန်နှင့်မအပ်မစပ်ဖြစ်နေသောသူစိမ်းအသင်းတော့တစ်သင်းမှမပါဝင်ပါ။ ပရိသတ်ကြိုက်နယူးကာဆယ်နှင့်လိဒ်စ်တို့သည်ပင်ဒီလိုအရပ်မှာတိုက် ပွဲဝင်ရင်းလက်နက်ချဖူးခဲ့ကြပြီ။ အဲ့ဒီအသင်းတွေထဲကဘယ်အသင်းဟာအမြန်ဆုံးလွတ်မြောက်လာဖို့ရှိသလဲ။ သူတို့အိပ်မက်လေကိုအပြင်ထွက်ရှူမည့်အချိန်ကစိတ်ဝင်စားစရာကောင်းလို့နေသည်။ဒီတစ်ပတ်အဲ့ဒီအသင်းတွေထဲကနယူးကာဆယ်ရင်ဆိုင်ရမည့်ပွဲကိုရွေးလိုက်ပါသည်။ ဝံပုလွေနှင့်ငှက်ကျားတို့တိုက်ပွဲဟာဘယ်လိုများအဆုံးသတ်လာမည်လဲ..။

ဝုဗ် – နယူးကာဆယ် (ဝုဗ်(1+35)

◼️ Nကြယ်မင်း

ဒီရာသီမှာဝုဗ်ကိုအမိဖမ်းဖို့သိပ်တော့မလွယ်ကူလှပါဘူး။ နူနိုဆန်တိုပစ်ချသွားတဲ့အသင်းပဲဆိုပြီးငုံ့ကြည့်တော့လည်းသူတို့မှာမာနတစ်ခုနဲ့ငြင်းပယ်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ဘရူနိုလာ့ဂျ်ဟာဝုဗ်ရဲ့မာဂုဏ်ကိုထိန်းထားနိုင်ဆဲပါဆိုရင်လည်းအဲ့ဒီတစ်စိတ်တစ်ဒေသဟာမှန်ကန်မှုရှိနေပြန်ပါတယ်။ ထရာအိုရေးတစ်ချက်ရုန်းလိုက်တိုင်းပြိုဆင်းသွားတတ်တဲ့ခံစစ်တွေကိုကျနော်တို့တွေ့ခဲ့ဖူးပြီပေါ့။ပထမဆုံး၃ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ရာမှာလည်း(1-0)တွေချည်း။ တွေ့ရတဲ့အ သင်းတွေကလည်းလက်စတာ၊ စပါးနဲ့ မန်ယူတို့ဆိုတော့ ဝံပုလွေအပိုင်းအစတွေကို သွေးသံတရဲရဲမြင်တွေ့နေကြရတာမျိုးတော့မဟုတ်ပါဘူး။

အဲ့ဒီနောက် ၃ပွဲမှာတော့ ၂ပွဲနိုင်ပြီးတစ်ပွဲသာရှုံးခဲ့တယ်။ နိုင်တဲ့ပွဲတွေမှာပေးဂိုးမရှိခဲ့ဘူးဆိုတော့ ‘နူနိုဆန်တိုကိုသာလွမ်း’ဆိုတဲ့အနေအထားမျိုးမဟုတ်တာသေချာခဲ့ပါတယ်။ နယူးကာဆယ်ကဝုဗ်ထက်သာလွန်တဲ့စိတ်လှုပ်ရှားမှူတွေပေးစွမ်းနိုင်ရာအသင်းဖြစ်ပါတယ်။ ကစားခဲ့တဲ့၆ပွဲမှာလည်းဗီလာပါ့ခ်မှာတိတ် ဆိတ်ခဲ့ရတာကလွဲလို့အခြားပွဲတိုင်းမှာဂိုးအလုပ်လုပ်နိုင်ခဲ့တာချည်းပါပဲ။ ဒါပေမဲ့တည်ငြိမ်နေတဲ့မျက်နှာပြင်တစ်ခုကိုတော့သူတို့တည်ဆောက်နိုင်ခြင်းမရှိကြပါဘူး။ဘယ်ပွဲမှာမဆိုမက်ဆီမင်ရဲ့အတိုးအလှုပ်တွေကိုပဲကြည့်ငေးနေရပြီးအလုပ်ဖြစ်တဲ့ဟန်ချက်ပိုင်း မြင်တွေ့ရခြင်းမရှိသေးပါဘူး။

၆ပွဲမှာ ၁၄ဂိုးပေးထားရတဲ့ခံစစ်ပိုင်းကဆိုးရွားလွန်းပြီးသူတို့ထက်ဆိုးတာဆိုလို့အကျော်အမော်နောဝစ်ချ်တွေပဲရှိပါတယ်။ နည်းပြစတိဗ်ဘရုစ်အတွက်သူ့လက်ထဲကအသင်းတစ်သင်းဟာပရိုပီသပြချင်ရုံထက်မပိုခဲ့ပါဘူး။ဒါကြောင့်အသင်းစိတ်ဓာတ်ပိုင်းလျော့လွန်းပြီးပရိသတ်တွေဟာဦးဆောင်ဂိုးရထားရင် တောင်မပျော်ရွှင်နိုင်ဘူးဖြစ်ကြရပါတယ်။ဝုဗ်ဟာ ၆ပွဲမှာ ၃ဂိုးသာသွင်းထားနိုင်ပြီးအဲ့ဒီထဲကတစ်ဂိုးကလည်း OG ပါ။ ဒါပေမဲ့နောက်ဆုံးပွဲမှာရာအူးဂျီမီနက်ဇ်ဂိုးပြန်ရသွားတာကတော့သူတို့တိုက်စစ်ကိုပြောင်းလဲစေပါလိမ့်မယ်။

ကာလရှည်ကြာဒဏ်ရာကြောင့်နားနေခဲ့ရပြီးပြန်လာချိန်မှာအရင်လိုဂိုးသွင်းစွမ်းရည်ပြန်မရတော့ဘူးလားဆိုတဲ့ပူပန်မှုတွေကိုသူကဖယ်သတ်ပေးတော့မလားစောင့်ကြည့်ရပါလိမ့်မယ်။ သူတို့နဲ့နယူးကာဆယ်ရဲ့ထိပ်တိုက်တွေ့ဆုံမှုတွေကထူးခြားမှုရှိပြီးနောက်ဆုံးကစားခဲ့တဲ့၇ပွဲမှာ (1-1) ၅ပွဲပါဝင်နေပြီးအခြားနှစ်ပွဲမှာတော့ဝုဗ်ကအနိုင်ရထားပါတယ်။ ဒီပွဲမှာဝုဗ်ရဲ့တည်ငြိမ်မှုကရလဒ်တစ်ခုဖြစ်လာမယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဝုဗ်ဟာအိမ်ကွင်း ၃ပွဲလုံးရှုံးထားသလိုတစ်ဂိုးမှလည်းမသွင်းနိုင်သေးပါဘူး။ဒါဟာပုံမှန်မဟုတ်တဲ့လှောင်ပိတ်မှုတစ်ခုပါ။ ဒီပွဲမှာအဲ့ဒါတွေအားလုံးပြောင်းလဲလာမယ်။ ဝုဗ်အနိုင်ရပါလိမ့်မယ်။

◼️ဟန်စိုးသွေး

ရာသီအစ၃ပွဲစလုံးရှုံးပွဲကြုံခဲ့တဲ့ဝုဗ်ဟာနောက်ဆုံးပရီးယားလိဂ်၃ပွဲမှာတော့ ၁ပွဲရှုံးပြီး၂ပွဲနိုင်ခဲ့တယ်။ဘရန့်ဖို့ဒ်ကိုရှုံးပြီးဝက်ဖို့ဒ်နဲ့ဆောက်သမ်တန်ကိုနိုင်ခဲ့တာဖြစ်တယ်။ထူးခြားတာကအဝေးကွင်းမှာ၂ပွဲနိုင်ထားတဲ့ဝုဗ်ဟာအိမ်ကွင်း၃ပွဲစလုံးရှုံးထားတာပါပဲ။အိမ်ကွင်း၃ပွဲစလုံးရှုံးခဲ့ပေမယ့်ဝုဗ်ဟာခြေစွမ်းပိုင်းမနိမ့်ခဲ့ပါဘူး။ဘရန့်ဖို့ဒ်မန်ယူ စပါးတို့၃သင်းစလုံးရင်ဘောင်တန်းယှဉ်ကန်နိုင်ခဲ့ရုံမျှမကပြိုင်ဘက်၃သင်းစလုံးထက်ဂိုးကန်သွင်းခွင့်တွေပိုရအောင်ကစားနိုင်ခဲ့တာမျိုးဖြစ်တယ်။

ကံခေပြီးအိမ်ကွင်းရှုံးပွဲတွေကြုံနေရတဲ့ဝုဗ်ဟာဒီပွဲမှာတော့အိမ်ကွင်းအနိုင်ရအောင်နယူးကာဆယ်ကိုမပြိုပြိုအောင်ဖြိုလိမ့်မယ်။နယူးကာဆယ်ကတော့ခုထိနိုင်ပွဲမရသေးဘဲ၃ပွဲသရေ၃ပွဲရှုံးထားတယ်။အဲဒီ၆ပွဲမှာ၇ဂိုးသွင်းနိုင်ပြီး၁၄ဂိုးပေးခဲ့ရတာမို့တိုက်စစ်မနိမ့်ပေမယ့်ခံစစ်ညံ့လွန်းခဲ့တာထင်ရှားနေတယ်။အထူးသဖြင့် နယူးကာဆယ်ကွင်းလယ်စွမ်းဆောင်ရည်ဟာနိမ့်ပြီးပြိုင်ဘက်တွေကိုကောင်းကောင်းမယှဉ်နိုင်လို့နယူးကာဆယ်ခံစစ်ဖိအားများခဲ့ရပြီးပေးဂိုးတွေများခဲ့ရတာဖြစ်တယ်။

ကွင်းလယ်နိမ့်ခဲ့လို့လည်း ဝက်ဖို့ဒ်ကိုဂိုးကန်သွင်းခွင့် ၁၅ကြိမ် လိဒ်ကို ၂၁ကြိမ် မန်ယူကို၂၁ကြိမ် ဗီလာကို ၁၀ကြိမ် ဝက်စ်ဟမ်းကို ၁၈ကြိမ် ဆောက်သမ်တန်ကို ၂၂ကြိမ်ထိ ပေးခဲ့ရတာတွေ့ရတယ်။ဒီပွဲမှာဝုဗ်က ၁ဂိုး၄၀နိုင်အကျောပေးထားပြီး ဂိုးပေါင်းက ၃ဂိုး၉၀နိုင်ဖွင့်လှစ်ထားတယ်။ဝုဗ်ခံစစ်ဟာနယူးကာဆယ်ခံစစ်ထက်အများကြီးကောင်းသလို ကွင်းလယ်စွမ်းဆောင်ရည်လည်းမြင့်တာမို့ နယူးကာဆယ်ကို ဖိအားပြင်းပြင်းပေးနိုင်မှာပါ။၆ပွဲစလုံးဂိုးပေးခဲ့ရတဲ့နယူးကာဆယ်တို့ဝုဗ်တိုက်စစ်ကိုလည်းထိန်းနိုင်မယ်မထင်ပါဘူး။နယူးကာဆယ်ခံစစ်အမှားများခဲ့ရင်ဂိုးပြတ်တောင်အရေးနိမ့်သွားနိုင်တာမို့ ၁ဂိုးနဲ့နိုင်ရင်တောင်ပျော်ခွင့်ရဦးမယ့်အိမ်ရှင်ဝုဗ်ကိုသာရွေးချယ်လိုက်သင့်ပါတယ်။

မိုလီနော့စ်ရဲ့ ပထမဆုံး နိုင်ပွဲလို့ ယုံကြည်ထားမိတယ်

◼️မင်းနဒီ(change)

ဝုလ်ဗ်နည်းပြသစ်ဘရူနိုလက်ဂီဟာအသင်းကိုသူလိုချင်တဲ့ပုံစံနဲ့ အံဝင်အောင်ကြိုးစားနေရတုန်းပဲ။ တာထွက်ပွဲစဉ် ၃ ပွဲမှာ ၁-၀ ရလဒ်တွေနဲ့ ရှုံးပွဲဆက်ခဲ့ပြီး ဝက်ဖို့ဒ်ကို ၂-၀ နဲ့ အဝေးကွင်းမှာနိုင်ပွဲစရလိုက်တယ်။ ဒါပေမဲ့ တစ်ပတ်အကြာမှာပဲတန်းတက်ဘရန့်ဖို့ဒ်ကိုအိမ်ကွင်းမှာ ၁ ယောက်အသာရခဲ့ပေမဲ့ဂိုးပေါက်ကိုတစ်ကြိမ်မှကန်ခွင့်မရခဲ့တဲ့အထိညံ့ခဲ့ပြီး ၂-၀ နဲ့ ပြန်ရှုံးသွားခဲ့ရတယ်။

ပြီးခဲ့တဲ့အပတ်မှာတော့ဆောက်သမ်တန်ကိုရာအူးလ်ဟီမီနက်စ်ရဲ့သွင်းဂိုးနဲ့ဒီရာသီရဲ့ဒုတိယမြောက်နိုင်ပွဲကို ရလိုက်တယ်။ ပြောရရင်ဝုလ်ဗ်ကခြေစွမ်းတည် ငြိမ်တဲ့အဆင့်ကိုမရောက်သေးဘူး။ ကစားပုံတည်တည်ငြိမ်ငြိမ်နဲ့တိုက်စစ်ကိုကောင်းကောင်းဖွင့်ကစားနိုင်တဲ့အဆင့်ကိုရောက်ဖို့နဲ့ပထမဆုံးအိမ်ကွင်းနိုင်ပွဲရယူနိုင်ဖို့အတွက်ဘရူနိုလက်ဂီတစ်ယောက်အချိန်ယူတည်ဆောက်ရဦးမှာပါ။

ဒါပေမဲ့ဆောက်သမ်တန်ကိုအနိုင်ရခဲ့တဲ့ပွဲမှာအသင်းရဲ့ဟန်ချက်ပိုကောင်းလာတာကိုတွေ့ရတယ်။ အဲ့ဒီပွဲကဝက်ဖို့ဒ်ကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်ကထက်ပိုကောင်းခဲ့တယ်။ ဦးနှောက်မပါပဲလျှောက်ပြေးနေတဲ့လူသန်ကြီးထရာအိုရေးကိုအရန်ခုံထိုင်ခိုင်းလိုက်ပြီးရာအူးလ်ဟီမီနက်စ်၊ ပိုဒန်ဆီ၊ ဟီချန်ဟွမ်တို့ကို အသုံးပြုခဲ့တာမှာတိုက်စစ်လမ်းကြောင်းတွေပိုပြီးအားကောင်းသွားခဲ့တယ်။ ကွင်းလယ်မှာခြေပျက်နေတဲ့ရူဘင်နီဗက်စ်ကိုအနားပေးပြီးဒန်ဒွန်ကာကိုမော်တင်ညိုနဲ့တွဲပေးလိုက်တာမှာလည်းမာမာကျောကျောနဲ့အလုပ်ဖြစ်ခဲ့တာတွေကနယူးကာဆယ်နဲ့ပွဲအတွက်ယုံကြည်ချင်စရာတွေဖြစ်လာခဲ့တယ်။နယူးကာဆယ်ကလည်းစတိဗ်ဘရုစ်နဲ့ အပြောင်းအလဲတစ်ခုကိုမျှော်လင့်ရတော့မလိုဖြစ်နေတယ်။

တိုက်စစ်မှာမက်ဆီမန်၊အယ်လ်မီရွန် ဂျိုလင်တန်တို့လိုခြေစွမ်းခြေစရှိတဲ့ကစားသမားတွေကိုပိုင်ဆိုင်ထားပေမဲ့ဒီရာသီမှာဆိုးဆိုးရွားရွားခြေပျက်နေခဲ့တယ်။ ခံစစ်ကပွဲတိုင်းဂိုးပေးနေရတဲ့အပြင်ဆိုးဆိုးရွားရွားဂိုးပေးရမှုတွေကိုပါကျူးလွန်နေတာကြောင်စတိဗ်ဘရုစ်ကို အပြောင်းအလဲလုပ်သင့်ပြီလို့ထင်မှတ်လာရတဲ့အထိဆိုးရွားနေပါတယ်။နောက်တစ်ချက်ကစတိဗ်ဘရုစ်ကိုင်တွယ်တဲ့အသင်းတွေဟာပရီးမီးယားလိဂ်မှာကြာရှည်ရပ်တည်နိုင်လေ့မရှိတာကြောင့်လည်း နယူးကာဆယ်အတွက်ရင်လေးမိတယ်။ အဆိုးဆုံးကတော့ဂိုးတွေဆက်တိုက်ပေးနေရတဲ့ခံစစ်ပဲ။

အဲ့ဒီအားနည်းချက်ကြောင့်လည်း ဝုလ်ဗ်က 1+35 အထိအတင့်ရဲနေတာလို့ထင်ရတယ်။ အိမ်ကွင်း၃ ပွဲစလုံးရှုံးထားတဲ့ဝုလ်ဗ်ကအမှန်ဆိုရင်သရေရှုံးလောက်ပဲပေးသင့်တာပါ။ အခုတော့အိမ်ကွင်း၃ ပွဲလုံးရှုံးထားပြီး၊ အိမ်ကွင်းမှာ၁ ဂိုးမှမသွင်းနိုင်သေးတဲ့ဝုလ်ဗ်က 1+ အထိကြေးပြင်းလာတော့စိတ်ဝင်စားစရာဖြစ် လာခဲ့တယ်။ ဝုလ်ဗ်ကတည်းခြေစွမ်းငြိမ်သေးတဲ့အဆင့်ကိုမရောက်သေးဘူးဆိုပေမဲ့ ဆောက်သမ်တန်နဲ့ပွဲကခြေစွမ်းကိုဆက်ထိန်းထားနိုင်မယ်ဆိုရင်အိမ်ကွင်းနိုင်ပွဲစရသွားနိုင်ပါတယ်။ ဝုလ်ဗ်ရဲ့ကြေးပေးအနေအထားကိုသဘောကျမိသလိုနယူးကာဆယ်ရဲ့ဆိုးရွားတဲ့ခံစစ်ကြောင့်မိုလီနော့စ်မှာပထမဆုံးနိုင်ပွဲကို ရှာတွေ့သွားလိမ့်မယ်လို့မှတ်ယူမိပါတယ်။

◼️ဒီတစ်ပတ် 3D

ဆရာဟန်စိုးသွင်းခဲ့တဲ့နောက်ဆုံးနှစ်ပတ်လုံးမှန်ကန်မှုရှိခဲ့ပါတယ်။ ဒါကြောင့်ဒီတစ်ပတ်မှာလည်းဘယ်ပွဲသွားမယ်ဆိုတာသူ့ကိုပဲရွေးချယ်စေခဲ့တာပါ။ဒီတစ်ပတ်မှာတော့ဆရာသမား ၃ဦးလုံးကဝုဗ်ကိုပဲရွေးချယ်ပေးခဲ့ကြပါတယ်။ ဒါကြောင့် Play Maker Special Choice အဖြစ် ‘ဝုဗ်’ကိုပေးပို့လိုက်ရပါတယ်။ ဆောင်းအမီရောက်လာမယ့် ဂျီမီနက်ဇ်ဝိုင်ကိုတစ်ခွက်လောက်ဆွဲလိုက်ရအောင်လားပရိသတ်ကြီး..