
ဖီဖာက၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲမှာအရှည်လျားဆုံးနှင့်အကြီးကျယ်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာမည်ဖြစ်ကြောင်းအတည်ပြုလာပြီဖြစ်ပါတယ်။
ဖီဖာဟာရဝန္ဒာရှိကီဂါလီတွင်ကျင်းပတဲ့ကောင်စီအစည်းအဝေးပွဲတွင်၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲကိုပြိုင်ပွဲပုံစံသစ်ဖြင့်ကျင်းပလာမည်ဖြစ်ကြောင်းကြေညာလာတာဖြစ်ပါတယ်။
၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲကိုအသင်း၄၈သင်းဖြင့်အသင်းတိုးမြှင့်ကျင်းပလာမှာဖြစ်ပြီးပွဲပမာဏမှာလည်း၁၀၄ပွဲအထိတိုးမြှင့်လာပါမယ်။
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကအသင်း၃၂သင်းဖြင့်ကျင်းပခဲ့တာဖြစ်ပြီး၆၄ပွဲတည်းသာကစားခဲ့ပါတယ်။
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကပြိုင်ပွဲကာလမှာ၂၉ရက်တည်းသာရှိခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်၊ကနေဒါနှင့်မက္ကဆီတို့ကပူးတွဲအိမ်ရှင်အဖြစ်ကျင်းပလာမဲ့၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့အသင်းအရေအတွက်နှင့်ပွဲပမာဏများပြားလာမှုနှင့်အတူ၃၉ရက်အထိငါးပတ်ကျော်ကြာကျင်းပလာမှာဖြစ်ပါတယ်။
ဖီဖာဟာ၄သင်းပါအုပ်စု၁၂အုပ်စုဖြင့်ကျင်းပမှာဖြစ်ပြီးအုပ်စုထိပ်ဆုံး၂ သင်းနှင့် အုပ်စုတတိယအကောင်းဆုံး၈သင်းတို့က၃၂သင်းရှုံးထွက်အဆင့်သို့တက်ရောက်တဲ့စနစ်ကိုကျင့်သုံးသွားပါမယ်။
ဒါကြောင့်လည်းကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင်ဗိုလ်လုပွဲရောက်အသင်းများဟာပထမဆုံးအကြိမ်အဖြစ်၈ပွဲအထိကစားလာရမှာလည်းဖြစ်ပါတယ်။
ဖီဖာဟာ၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲကိုသာအသင်း၄၈သင်းသို့တိုးမြှင့်ကျင်းပလာမှာမဟုတ်ဘဲ ၂၀၂၅ခုနှစ်မှစတင်ကာဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်းအသင်း၃၂သင်းသို့တိုးမြှင့်ကျင်းပလာပါမယ်။
ယခင်ကဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုဆောင်းရာသီတွင်ကျင်းပပေမဲ့လည်း၂၀၂၅ခုနှစ်မှစတင်ကာဇွန်လတွင်ကျင်းပသွားမှာဖြစ်ပါတယ်။ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရအသင်းများဟာလည်းဆုကြေးငွေပိုမိုရရှိလာမှာဖြစ်ပြီးဥရောပကဝင်ခွင့်ရအသင်းအများဆုံးအဖြစ်၁၂သင်းအထိရရှိလာပါမယ်။
ZawGyi
၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲကို အသင္း ၄၈ သင္းျဖင့္ စနစ္သစ္ျဖင့္ က်င္းပလာမည္
ဖီဖာက၂၀၂၆ကမာၻ႔ဖလားၿပိဳင္ပြဲမွာအရွည္လ်ားဆုံးႏွင့္အႀကီးက်ယ္ဆုံးကမာၻ႔ဖလားၿပိဳင္ပြဲျဖစ္လာမည္ျဖစ္ေၾကာင္းအတည္ျပဳလာၿပီျဖစ္ပါတယ္။
ဖီဖာဟာရဝႏၵာရွိကီဂါလီတြင္က်င္းပတဲ့ေကာင္စီအစည္းအေဝးပြဲတြင္၂၀၂၆ကမာၻ႔ဖလားၿပိဳင္ပြဲကိုၿပိဳင္ပြဲပုံစံသစ္ျဖင့္က်င္းပလာမည္ျဖစ္ေၾကာင္းေၾကညာလာတာျဖစ္ပါတယ္။
၂၀၂၆ကမာၻ႔ဖလားၿပိဳင္ပြဲကိုအသင္း၄၈သင္းျဖင့္အသင္းတိုးျမႇင့္က်င္းပလာမွာျဖစ္ၿပီးပြဲပမာဏမွာလည္း၁၀၄ပြဲအထိတိုးျမႇင့္လာပါမယ္။
ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကအသင္း၃၂သင္းျဖင့္က်င္းပခဲ့တာျဖစ္ၿပီး၆၄ပြဲတည္းသာကစားခဲ့ပါတယ္။
ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကၿပိဳင္ပြဲကာလမွာ၂၉ရက္တည္းသာရွိခဲ့ပါတယ္။ဒါေပမဲ့အေမရိကန္၊ကေနဒါႏွင့္မကၠဆီတို႔ကပူးတြဲအိမ္ရွင္အျဖစ္က်င္းပလာမဲ့၂၀၂၆ကမာၻ႔ဖလားၿပိဳင္ပြဲမွာေတာ့အသင္းအေရအတြက္ႏွင့္ပြဲပမာဏမ်ားျပားလာမႈႏွင့္အတူ၃၉ရက္အထိငါးပတ္ေက်ာ္ၾကာက်င္းပလာမွာျဖစ္ပါတယ္။
ဖီဖာဟာ၄သင္းပါအုပ္စု၁၂အုပ္စုျဖင့္က်င္းပမွာျဖစ္ၿပီးအုပ္စုထိပ္ဆုံး၂ သင္းႏွင့္ အုပ္စုတတိယအေကာင္းဆုံး၈သင္းတို႔က၃၂သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္တဲ့စနစ္ကိုက်င့္သုံးသြားပါမယ္။
ဒါေၾကာင့္လည္းကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းတြင္ဗိုလ္လုပြဲေရာက္အသင္းမ်ားဟာပထမဆုံးအႀကိမ္အျဖစ္၈ပြဲအထိကစားလာရမွာလည္းျဖစ္ပါတယ္။
ဖီဖာဟာ၂၀၂၆ကမာၻ႔ဖလားၿပိဳင္ပြဲကိုသာအသင္း၄၈သင္းသို႔တိုးျမႇင့္က်င္းပလာမွာမဟုတ္ဘဲ ၂၀၂၅ခုႏွစ္မွစတင္ကာဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲကိုလည္းအသင္း၃၂သင္းသို႔တိုးျမႇင့္က်င္းပလာပါမယ္။
ယခင္ကဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲကိုေဆာင္းရာသီတြင္က်င္းပေပမဲ့လည္း၂၀၂၅ခုႏွစ္မွစတင္ကာဇြန္လတြင္က်င္းပသြားမွာျဖစ္ပါတယ္။ဖီဖာကမာၻ႔ဖလားၿပိဳင္ပြဲဝင္ခြင့္ရအသင္းမ်ားဟာလည္းဆုေၾကးေငြပိုမိုရရွိလာမွာျဖစ္ၿပီးဥေရာပကဝင္ခြင့္ရအသင္းအမ်ားဆုံးအျဖစ္၁၂သင္းအထိရရွိလာပါမယ္။