ကာတာကလပ်အယ်လ်ဆက်ဒ်နှင့်စာချုပ်ကိစ္စ ဇာဗီးဘာပြောလဲ

ဘာစီလိုနာဂန္ထဝင်ကစားသမားဇာဗီးဟာအယ်လ်ဆက်ဒ်အသင်းကို၂၀၂၃ခုနှစ်အထိကိုင်တွယ်ဖို့စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

အစောပိုင်းတုန်းကသူ့ရဲ့အယ်လ်ဆက်ဒ်နှင့်စာချုပ်အတွင်းတွင်မည်သည့်အချိန်တွင်မဆိုဘာစီလိုနာအသင်းကိုပြောင်းရွှေ့ကိုင်တွယ်နိုင်မယ့်အချက်အားထည့်သွင်းချုပ်ဆိုထားကြောင်းမီဒီယာများကဖော်ပြခဲ့ကြပါတယ်။

ဒါပေမယ့်ဇာဗီးကတော့၎င်းနှင့်အယ်လ်ဆက်ဒ်တို့ရဲ့စာချုပ်အတွင်းတွင်ဘာစီလိုနာအသင်းကိုပြောင်းရွှေ့ကိုင်တွယ်နိုင်တဲ့အချက်မပါဝင်ကြောင်းငြင်းဆိုလာပါတယ်။

ဇာဗီးက “ဒါသတင်းမှားပါတယ်။ကျွန်တော်ဟာအယ်လ်ဆက်ဒ်နဲ့နှစ်နှစ်စာချုပ်ချုပ်ဆိုထားပါတယ်။စာချုပ်ကိုလေးစားပါတယ်။စာချုပ်ကိစ္စဆွေးနွေးမှုပြုလုပ်တဲ့အခါတရားဝင်စနစ်တွေကိုလည်းလေးစားပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဇာဗီးဟာ၂၀၁၉ခုနှစ်ကတည်းကအယ်လ်ဆက်ဒ်အသင်းကိုကိုင်တွယ်လာခဲ့သူဖြစ်ပါတယ်။သူဟာမတ်လတုန်းကနည်းပြဘဝပထမဆုံးအမှတ်ပေးဖလားအဖြစ်အယ်လ်ဆက်ဒ်နှင့်အတူကာတာအမှတ်ပေးဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။ယင်းအမှတ်ပေးဖလားဟာဇာဗီးအတွက်အယ်လ်ဆက်ဒ်တွင်နည်းပြအဖြစ်စတုတ္ထမြောက်ဆွတ်ခူးနိုင်ခဲ့တဲ့ဆုဖလားလည်းဖြစ်ပါတယ်။

zawgyi

ကာတာကလပ္အယ္လ္ဆက္ဒ္ႏွင့္စာခ်ဳပ္ကိစၥ ဇာဗီးဘာေျပာလဲ

ဘာစီလိုနာဂႏၴဝင္ကစားသမားဇာဗီးဟာအယ္လ္ဆက္ဒ္အသင္းကို၂၀၂၃ခုႏွစ္အထိကိုင္တြယ္ဖို႔စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ပါတယ္။

အေစာပိုင္းတုန္းကသူ႔ရဲ႕အယ္လ္ဆက္ဒ္ႏွင့္စာခ်ဳပ္အတြင္းတြင္မည္သည့္အခ်ိန္တြင္မဆိုဘာစီလိုနာအသင္းကိုေျပာင္းေ႐ႊ႕ကိုင္တြယ္ႏိုင္မယ့္အခ်က္အားထည့္သြင္းခ်ဳပ္ဆိုထားေၾကာင္းမီဒီယာမ်ားကေဖာ္ျပခဲ့ၾကပါတယ္။

ဒါေပမယ့္ဇာဗီးကေတာ့၎ႏွင့္အယ္လ္ဆက္ဒ္တို႔ရဲ႕စာခ်ဳပ္အတြင္းတြင္ဘာစီလိုနာအသင္းကိုေျပာင္းေ႐ႊ႕ကိုင္တြယ္ႏိုင္တဲ့အခ်က္မပါဝင္ေၾကာင္းျငင္းဆိုလာပါတယ္။

ဇာဗီးက “ဒါသတင္းမွားပါတယ္။ကြၽန္ေတာ္ဟာအယ္လ္ဆက္ဒ္နဲ႔ႏွစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုထားပါတယ္။စာခ်ဳပ္ကိုေလးစားပါတယ္။စာခ်ဳပ္ကိစၥေဆြးေႏြးမႈျပဳလုပ္တဲ့အခါတရားဝင္စနစ္ေတြကိုလည္းေလးစားပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဇာဗီးဟာ၂၀၁၉ခုႏွစ္ကတည္းကအယ္လ္ဆက္ဒ္အသင္းကိုကိုင္တြယ္လာခဲ့သူျဖစ္ပါတယ္။သူဟာမတ္လတုန္းကနည္းျပဘဝပထမဆုံးအမွတ္ေပးဖလားအျဖစ္အယ္လ္ဆက္ဒ္ႏွင့္အတူကာတာအမွတ္ေပးဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။ယင္းအမွတ္ေပးဖလားဟာဇာဗီးအတြက္အယ္လ္ဆက္ဒ္တြင္နည္းျပအျဖစ္စတုတၳေျမာက္ဆြတ္ခူးႏိုင္ခဲ့တဲ့ဆုဖလားလည္းျဖစ္ပါတယ္။