‘ရေငုပ်သင်္ဘောအစွမ်းပြမယ်ဆိုယုံကြည်လိုက်ပါ”

စပိန်ဘုရင့်ဖလားဒုတိယအဆင့်ပွဲကြိုသုံးသပ်ချက်

ဇာမိုရာ နှင့် ဗီလာရီးရဲလ် (ည ၁၂:၃၀)(သတိုး- မှော်ဘီ)

ဘုရင့်ဖလားမှာအောက်တန်းကအသင်းတွေနဲ့ရင်ဆိုင်ရတိုင်းဗီလာရီးရဲလ်ဂိုးတွေမြူးလို့နှိပ်ကွပ်နိုင်တာချည်းပါပဲ။လောလောဆယ်ဗီလာရီးရဲလ်ရဲ့ခြေစွမ်းကို ကြည့်လိုက်ပြန်တော့လည်းဘက်ကာ၊ ကာဇိုလာ၊ မိုရီနိုတို့ခြေစွမ်းပြမှုနဲ့အတူ တိုက်စစ်ပိုင်းကထက်မြက်လွန်းနေတာတွေ့ရတယ်။

ဆီဂန်ဒါ(ခ)ကဇာမိုရာကတော့ ရလဒ်တွေပြန်လည်ကောင်းမွန်လာသလိုရှိပေမယ့်ခံစစ်ပိုင်းလုံခြုံမှုရှိအောင်တည်ဆောက်နိုင်စွမ်းမရှိသေးပါဘူး။ဒါကြောင့် ခံစစ်ယိုယွင်းတဲ့ဇာမိုရာအနေနဲ့ ဗီလာရီးရဲလ်တိုက်စစ်ကိုထိန်းချုပ်ဟန့်တားဖို့ဆိုတာစိတ်ကူးယဉ်တာထက်တောင်ခက်ခဲနေပါလိမ့်မယ်။

နှစ်ဂိုးပြတ်နိုင်ရင်အပြည့်အဝပျော်ရွှင်ခွင့်ရှိနေတဲ့ဗီလာရီးရဲလ်ကိုအယုံကြည်ရဆုံးပါပဲ။ရေငုပ်သင်္ဘောအစွမ်းကပင်လယ်ကြီးကိုတောင်တုန်ခါစေပါလိမ့်မယ်။

zawgyi




