ကာတာကလပ်နှင့်အထူးစာချုပ်ကို ချုပ်ဆိုသွားမယ့် ဇာဗီး

စပိန်နှင့်ဘာစီလိုနာဂန္ထဝင်ကစားသမားဇာဗီးဟာနန်ဒက်ဇ်ဟာကာတာကလပ်အယ်ဆက်ဒ်နှင့်စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုပြုလုပ်ရာမှာစာချုပ်အတွင်းတွင်ဘာစီလိုနာသို့ပြောင်းနိုင်မယ့်အချက်ထည့်သွင်းရေး ဆွေးနွေးမှုများပြုလုပ်နေကြောင်းသိရပါတယ်။

စပိန်လက်ရွေးစင်ကစားသမားဟာယခုလအစောပိုင်းတုန်းကကာတာကလပ်အယ်ဆက်ဒ်ကိုကာတာအမှတ်ပေးဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်ထားနိုင်သူလည်းဖြစ်ပါတယ်။

ဇာဗီးဟာ၂၀၁၅ခုနှစ်တွင်ဘာစီလိုနာမှထွက်ခွာလာပြီးနောက်အယ်ဆက်ဒ်သို့ပြောင်းရွှေ့ကစားခဲ့ပြီးယင်းတွင်ပင်ကစားသမားဘဝမှအနားယူကာနည်းပြဘဝကိုစတင်ခဲ့သူလည်းဖြစ်ပါတယ်။

ဇာဗီးဟာ၂၀၂၀ခုနှစ်၊ဇန်နဝါရီလတုန်းကဗယ်ဗာဒီထုတ်ပယ်ခံရတုန်းကဘာစီလိုနာနည်းပြရာထူးအတွက်ဆက်သွယ်ခြင်းခံခဲ့ရပေမယ့်လက်ခံရန်ငြင်းဆိုခဲ့ပါတယ်။ဘာစီလိုနာဟာကိုးမန်းနှင့်တစ်နှစျစာခြုပျကနြျနသေေးပမေယျ့ဥက်ကဌသစ်လာပေါ်တာကဇာဗီးကိုခန့်အပ်ကာဘာစီလိုနာခေတ်သစ်တစ်ခုကိုစတင်လိုနေပါတယ်။

အထူးသဖြင့်ဘာစီလိုနာဥက္ကဌလာပေါ်တာဟာအသင်းတွင်ရှိတဲ့လူငယ်ပါရမီရှင်များဖြစ်ကြတဲ့ဒက်စ်၊မင်ဂူဇာ၊အရူဂျို၊ဒမ်ဘီလီ၊ဒီဂျောင်၊မိုရီဘာ၊ပီဒရီစတဲ့လူငယ်ကစားသမားများကိုနုနယ်တဲ့နည်းပြဇာဗီးနှင့်လက်တွဲလိုနေတာလည်းဖြစ်ပါတယ်။

ဇာဗီးဟာဘာစီလိုနာဘက်ကတရားဝင်ကမ်းလှမ်းမှုမရှိသေးတာကြောင့်အယ်ဆက်ဒ်နှင့်ဆက်လက်လက်တွဲရန်စဉ်းစားထားပါတယ်။ဒါပေမယ့်ဇာဗီးဟာအယ်ဆက်ဒ်နှင့်ချုပ်ဆိုတဲ့စာချုပ်အတွင်းမှာမည်သည့်အချိန်တွင်မဆိုဘာစီလိုနာသို့ပြောင်းရွှေ့နိုင်မယ့်အချက်ကိုထည့်သွင်းချုပ်ဆိုရန်လုပ်ဆောင်နေပါတယ်။

zawgyi






ဘာစီလိုနာဟာကိုးမန်းနှင့်တစ်နှဈစာခြုပျကနျြနသေေးပမေယျ့ဥက်ကဌသစ်လာပေါ်တာကဇာဗီးကိုခန့်အပ်ကာဘာစီလိုနာခေတ်သစ်တစ်ခုကိုစတင်လိုနေပါတယ်။

