ဈေးကွက်အမြင်၊ဈေးကွက်စကား

Oct / 31 – 2022 # MON

ဈေးကွက်အမြင်၊ဈေးကွက်စကား

#ဇဝန

ယနေ့ညမှာတော့လာလီဂါ(၁)ပွဲနဲ့စီးရီးအေ(၂)ပွဲရှိနေပါတယ်။(ရိုးမား)အသင်းက(ဗီရိုနာ)အသင်းကို၁+၉၀အနိုင်၊ဖွင့်လှစ်ထားပြီးဂိုးပေါင်းဈေးကွက် ၂-၉၅အရှုံး၊ခင်းကျင်းထားပါတယ်။(မွန်ဇာ)အသင်းက(ဘိုလော့ဂ်နာ)ကို=-၇၀အရှုံး၊ဖွင့်လှစ်ထားပြီးဂိုးပေါင်းဈေးကွက်၂-၉၀အရှုံး၊ခင်းကျင်းထားပါတယ်။(အယ်ချီ)အသင်းက(ဂီတာဖေး)အသင်းကို=-၁၅အရှုံး၊ဖွင့်လှစ်ထားပြီး ဂိုးပေါင်းဈေးကွက်၂+၁၀အနိုင်၊ခင်းကျင်းထားပါတယ်။

ဈေးကွက်အခင်းအကျင်းတွေအရတော့အပေါ်သင်းတွေကလုပ်နိုင်စွမ်းမဲ့ဖြစ်တည်နေပြီးအောက်သင်းတွေကမာဂုဏ်မဲ့ဖြစ်တည်နေတာမို့ဒီညမှာ(ဘော်ဒီ)ဇယားတွေကလန့်စရာပါ။ဖြစ်နိုင်ခြေအရှိဆုံးနဲ့လက်တွေ့ကျကျဆိုရင်ဒီညအပေါ်သင်းတွေထဲမှာ(ရိုးမားဘော်ဒီ)ဇယားက ဖြစ်နိုင်ခြေရှိပါတယ်။ဒါပေမယ့်(ရိုးမား)အသင်းရဲ့အကျောပေးမှုကပါးလွန်းနေပါတယ်။တစ်ဖက်ကပြိုင်ဘက်(ဗီရိုနာ)အသင်းဟာတိုက်စစ်အားမဆိုးလှပေမယ့်ခံစစ်ပိုင်းကတော် တော်ဆိုးရွှားနေတဲ့အသင်းပါ။

အဲဒီခံစစ်ပိုင်းဆိုးရွှားမှုကြောင့်ပဲ(ဗီရိုနာ)အသင်းဟာနောက်ဆုံး(၆)ပွဲဆက်ရှုံးနိမ့်ထားတာပါ။ဒီအချက်တွေအပြင်ဒီရာသီနောက်ဆုံး(၁၂)ပွဲမှာ(၁)ပွဲသာ နိုင်ပွဲရခဲ့ပြီး(၂)ပွဲသရေနဲ့(၉)ပွဲအထိ(ဗီရိုနာ)ရှုံးနိမ့်ထားပါတယ်။ဒါကြောင့်လက်တွေ့ကျကျဆိုရင်(ရိုးမား)အနေအထားကလုပ်မစားရင်(ဗီရိုနာ)ကိုအနိုင် ရဖို့မခက်ခဲနိုင်ပါဘူးဒီရာသီစီးရီးအေမှာ(ရိုးမား)ရဲ့လုပ်အားနုန်းကတော်တော်လေးအားကောင်းပါတယ်။

အမြင်တစ်ခုအနေနဲ့(ရိုးမား)ဟာ(စီးရီးအေ)တာထွက်အရှုံးအဖြစ်(အူဒီးနီးစ်)ကို(4-0)နဲ့အရှုံး၊(အတ္တလန္တာ)ကို(1-0)အရှုံးနဲ့(နာပိုလီ)ကို(1-0)အရှုံး၊(၃)ပွဲသာရှိခဲ့ပါတယ်။(ဂျူဗင်တပ်စ်)ကိုသရေနဲ့(အင်တာမီလန်)ကိုအနိုင်ရခဲ့ပြီးကျန်တဲ့နိုင်သင့်၊နိုင်ထိုက်တဲ့ပြိုင်ဘက်မှန်သမျှကိုတော့အနိုင်ရယူနိုင်ခဲ့တာချည်းပါပဲ။ဒါ့ကြောင့်ခံစစ်ပိုင်းမာဂုဏ်မဲ့ပြီး(အိမ်ရှင်)အဟန့်တစ်ခုသာရှိတဲ့(ဗီရိုနာ)ကို(ရိုးမား)အသင်းတကယ်ရုန်းကစားရင်မနိုင်စရာအကြောင်းမရှိတဲ့အ ချက်ပါပဲ။

ဈေးကွက်အခင်းအကျင်းအရကြည့်ရင်တော့(ရိုးမား)အသင်းရဲ့အကျောပေးမှုဟာပျော့ပျောင်းနေပါတယ်။လောလောလပ်လပ်(အေစီမီလန်)အသင်းကတောင်(ဗီရိုနာ)ကို၁=သရေနဲ့(လာဇီယို)အသင်းကလည်း၁=သရေထိအကျောပေးခဲ့တာကြောင့်ပါ။ဒါပေမယ့် ဈေးကွက်စီးဆင်းမှုအရကြည့်ရင်(ဗီရိုနာ)အိမ်ကွင်းမှာ(နာပိုလီ)တုန်းက=-၇၀အရှုံးပဲ အကျောပေးခဲ့တာမို့ပြတ်တစ်လှည့်၊ဝင်တစ်လှည့်ဖြစ်နေတဲ့(ရိုးမား)အသင်းရဲ့ဈေးကွက်ဟာမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေတယ်လို့လဲကောက်ချက်ဆွဲနိုင်ပါတယ်။ဒါ့ကြောင့်ဒီညအတွက်အဖြစ်သင့်ဆုံးနဲ့အဖြစ်နိုင်ဆုံးရိုက်ကွက်ဟာ(ရိုးမားဘော်ဒီ)လို့သာအချက်ပေးခဲ့ချင်ပါတယ်ဗျာ။

#ချစ်ခြင်းအားဖြင့်❤️❤️❤️❤️❤️