ဇောင်းးးးး

#ဇောင်းးးးး

#ဇဝန

ဇောင်းးးဆိုတာ ဖြစ်သင့်၊ဖြစ်ထိုက်တဲ့ ရိုက်ကွက်တွေကိုသုံးသပ်မိတ်ဆက်ပေးထားတာပါ။ဖြစ်သင့်၊ဖြစ်နိုင်တယ်လို့ညီအစ်ကိုတွေအားလုံးရဲ့စိတ်ထဲမှာ ခံစားမိမှ #ဇောင်းးးကိုစိတ်ကြိုက်ပုံအောလိုက်ပါ။#ဇောင်းးးဟာ #ဇောင်းးးပါပဲ!!!

ယနေ့ညအတွက်မိတ်ဆက်ပေးခဲ့ချင်တဲ့ပွဲစဉ်ကတော့(ခရစ္စတယ်ပဲလေ့စ်~နယူးကာဆယ်)ပွဲစဉ်ပါ။ဒီပွဲစဉ်အတွက် (နယူးကာဆယ်)အသင်းက ၁+၉၀ အနိုင်အကျောပေးထားပြီးဂိုးပေါင်းဈေးကွက်၂-၆၅အရှုံးဖွင့်လှစ်ပေးထားပါတယ်။(ခရစ္စတယ်ပဲလေ့စ်)ကွင်းမှာ(နယူးကာဆယ်)ဘက်က ၁+၉၀ အနိုင်ကမြင့်မားနေပါတယ်။(ခရစ္စတယ်ပဲလေ့စ်)ကွင်းမှာ(ချဲလ်ဆီး)နဲ့တွေ့ဆုံမှုမှာ-0.5(စပါး)နဲ့တွေ့ဆုံမှုမှာ-0.25နဲ့(မန်ယူ)နဲ့တွေ့ဆုံမှုမှာတော့+0.75ပဲ အ ကျောပေးထားခဲ့တာမို့(နယူးကာဆယ်)အသင်းရဲ့ဈေးကွက်မာထန်လွန်းနေတာရှင်းလွန်းနေပါတယ်။

ဒီရာသီ(ခရစ္စတယ်ပဲလေ့စ်)နဲ့အိမ်ကွင်းတွေ့ဆုံမှု(၂)ကြိမ်လုံးမှာလည်း(နယူးကာဆယ်)အသင်းဘက်က+0.75နဲ့-0.5တွေပဲ ခင်းကျင်းပေးခဲ့တာပါ။ဒါ့ကြောင့်(ခရစ္စတယ်ပဲလေ့စ်)အိမ်ကွင်းမှာ(နယူးကာဆယ်)ဘက်က ၁+၉၀အနိုင်ဟာ မြင့်မားလွန်းနေပါတယ်။အချက်အလက်အရကြည့်ရင်လည်း(ခရစ္စတယ်ပဲလေ့စ်)အိမ်ကွင်းမှာသွားရောက်ရင်ဆိုင်ခဲ့တဲ့နောက်ဆုံး(၈)ကြိမ်မှာလည်း(နယူးကာဆယ်)အသင်းဟာ(၁)ကြိမ်သာနိုင်ပွဲရခဲ့သလိုဒီရာသီ(ခရစ္စတယ်ပဲလေ့စ်)အသင်းနဲ့တွေ့ဆုံခဲ့တဲ့(၂)ကြိမ်မှာလည်း(နယူးကာဆယ်)အသင်းဟာ (၁)ပွဲမှကြေးမအောင်ခဲ့ပါဘူးဒါ့ကြောင့်(နယူးကာဆယ်)အနေနဲ့အ ဟန့်တစ်ခုထားမယ်ဆိုရင်တောင် =-၇၀အရှုံးလောက်သာအမြင့်ဆုံးဖြစ်သင့်တဲ့အနေအထားပါ။

လက်ရှိဈေးကွက်အခင်းအကျင်းအရတော့ဘွတ်ကီတွေ(နယူးကာဆယ်)အသင်းဘက်ကိုယုံယုံကြည်ကြည်နဲ့နေရာယူထားတယ်လို့ကောက်ချက်ဆွဲမိပါတယ်။(ခရစ္စတယ်ပဲလေ့စ်)ကိုအသာရနိုင်မယ့်အတွင်းကျကျအချက်အလက်မျိုး(နယူးကာဆယ်)ဘက်က ပိုင်ဆိုင်ထားပြီလို့ယူဆရမှာပါပဲ။နောက်ထပ် စိတ်ကြိုက်ဖြစ်မိတဲ့ရိုက်ကွက်ကတော့ (ဂိုးအောက်)ဇယားပါ။လက်ရှိ(ခရစ္စတယ်ပဲလေ့စ်)အသင်းရဲ့နောက်တန်းဟာလုံးဝစိတ်ချလို့ရတဲ့အနေအထားမဟုတ်ပေမယ့်(နယူးကာဆယ်)အသင်းရဲ့ခံစစ်ပိုင်းကတော့ယုံကြည်စိတ်ချလို့ရနေတဲ့အနေအထားတစ်ခုပါ။

ဆိုရရင်နောက်ဆုံး(၁၆)ပွဲမှာ(နယူးကာဆယ်)အသင်းရဲ့ခံစစ်ပိုင်းဟာ(၅)ဂိုးသာခွင့်ပြုပေးခဲ့ရပါတယ်။အဲဒီ(၅)ဂိုးမှာ(၃)ဂိုးက(နယူးကာဆယ်)ဘောင်မသွင်းထားတဲ့(၂)ပွဲကသွင်းဂိုးတွေပါနေတာမို့ (နယူးကာဆယ်)ရဲ့နောက်တန်းခံစစ်မာထန်မှုနဲ့လုပ်နိုင်စွမ်းကိုသံသယဖြစ်စရာမလိုတော့ပါဘူးလက်ရှိ(ခရစ္စတယ်ပဲလေ့စ်)အသင်းဟာစိတ်ဓာတ်ယုံကြည်မှုပိုင်းပျောက်ဆုံးနေသလို တိုက်စစ်အားကလည်းသိသိသာသာကျဆင်းနေပါတယ်။(နယူးကာဆယ်) အသင်းဘက်ကိုလေ့လာကြည့်ရင်လည်းခံစစ်ပိုင်းကမာထန်လွန်းနေပေမယ့်တိုက်စစ်ပိုင်းကအဆုံးသတ်ညံ့ဖျင်းလွန်းတဲ့အသင်းပါ။

ဒီပွဲစဉ်ကဖွင့်တိုက်ဖို့ထက်အပိတ်ဆန်မယ့်ပွဲစဉ်တစ်ခုပါပဲ။ထိပ်တိုက်တွေ့ဆုံမှုအရကြည့်ရင်လည်းဒီနှစ်သင်းနောက်ဆုံးတွေ့ဆုံမှု(၁၃)ကြိမ်မှာ (၁)ကြိမ်သာနှစ်ဖက်ပေါင်း(၃)ဂိုးထွက်ခဲ့ပြီး(၁၂)ကြိမ်က(ဂိုးအောက်)တွေချည်းဈေးကွက်အောင်မြင်ခဲ့ပါတယ်။ဒါ့ကြောင့်အစဉ်အလာအရ(ဂိုးအောက်)ဟာ အားသာနေသလိုလက်ရှိပြိုင်ဘက်နှစ်သင်းစလုံးရဲ့စရိုက်အရလည်း(ဂိုးအောက်)ဇယားဟာဖြစ်နိုင်ခြေများနေပါတယ်။ဂိုးပေါင်းဈေးကွက်ကလည်း ခင်းကျင်းမှုမှန်နေတာမို့စနေညအတွက်(ခရစ္စတယ်ပဲလေ့စ်~နယူးကာဆယ်)ပွဲစဉ်မှာ(ဂိုးအောက်)ကိုစိတ်ကြိုက်ပုံအောကြဖို့ညွှန်းပေးခဲ့ချင်ပြီး(နယူးကာဆယ်ဘော်ဒီ)ကိုတော့အရန်ထိုးကွက်အဖြစ်အကြံပြုပေးခဲ့ချင်ပါတယ်။