မိမိအနာဂတ်ကိုရာသီကုန်တွင်သိရမယ်ဟုဇီဒန်းပြော

ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းဟာသူ့အနာဂတ်ဘယ်လိုဖြစ်လာမယ်ဆိုတာကစားသမားများကိုပြောကြားထားပြီးပြီဟုမီဒီယာများကဖော်ပြနေမှုအပေါ်တုံ့ပြန်လာပါတယ်။

ပြီးခဲ့တဲ့ရက်များတုန်းကရီးရဲလ်မက်ဒရစ်နည်းပြဒီဇန်းကရာသီအကုန်တွင်ဘာနေဗျူးမှထွက်ခွာတော့မယ်လို့ကစားသမားများအားပြောကြားထားကြောင်းမီဒီယာများကရေးသားဖော်ပြခဲ့ကြပါတယ်။

ဒါပေမယ့်ပြင်သစ်လူမျိုးနည်းပြကတော့သူ့အနာဂတ်ဘယ်လိုဖြစ်လာမယ်ဆိုတာကစားသမားများကိုဘယ်တော့မှပြောကြားမှာမဟုတ်ကြောင်းဆိုသွားပါတယ်။

ဇီဒန်းက “အခုကျွန်တော်ထွက်ခွာတော့မယ်လို့ကစားသမားတွေကိုဘယ်လိုသွားပြောရမလဲ။ထွက်ခွာတော့မယ်လို့ပြောပြီးအားလုံးကိုစိတ်မငြိမ်မသက်ဖြစ်အောင်လုပ်ရမှာလား။ခင်ဗျား(မီဒီယာ)အနေနဲ့လုပ်ဇာတ်တွေကြိုက်သလိုလုပ်ပြီးရေးလို့ရတယ်။ကျွန်တော်ကတော့ကစားသမားတွေကိုဘယ်တော့မှပြောသွားမှာမဟုတ်ဘူး။ရာသီကုန်ရင်အားလုံးသိလာကြပါလိမ့်မယ်။ဒါပေမယ့်အခုအချိန်မှာရာသီသိမ်းပွဲအတွက်ကစားသမားတွေနဲ့အတူရှိနေပါမယ်”လို့ပြောကြားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာလာလီဂါချန်ပီယံဘွဲ့အားကာကွယ်ရေးအတွက်ရာသီသိမ်းပွဲကစားရပါမယ်။၎င်းတို့ဟာရာသီသိမ်းပွဲအဖြစ်ဗီလာရီးရဲလ်နှင့်ရင်ဆိုင်ရပါမယ်။အက်သလက်တီကိုကရာသီသိမ်းပွဲဖြစ်တဲ့ဗယ်လာဒိုးလစ်နှင့်အဝေးကွင်းပွဲစဉ်မှာအနိုင်မရရှိဘဲရီးရဲလ်မက်ဒရစ်ကဗီလာရီးရဲလ်ကိုအနိုင်ရရှိမှသာလာလီဂါချန်ပီယံဖြစ်နိုင်ပါမယ်။

စပိန်မီဒီယာများရဲ့ဖော်ပြချက်အရရီးရဲလ်မက်ဒရစ်ဟာရာသီအကုန်တွင်ဇီဒန်းနှင့်လမ်းခွဲမှာဖြစ်ပြီးဂန္ထဝင်ကစားသမားရာအူးလ်နှင့်အစားထိုးသွားမယ်လို့သိရပါတယ်။ရာအူးလ်ဟာရီးရဲလ်မက်ဒရစ်လူငယ်အသင်းကိုကိုင်တွယ်နေသူဖြစ်ပြီးပထမနှစ်မှာဘဲယူအီးအက်ဖ်အေလူငယ်ချန်ပီယံလိဂ်ဖလားဆွတ်ခူးပေးထားနိုင်ပါတယ်။

အသက်၄၃နှစ်ရှိရာအူးလ်ကိုယ်တိုင်ကရီးရဲလ်မက်ဒရစ်နည်းပြရာထူးကိုရယူလိုလျက်ရှိနေကြောင်းအရိပ်အမြွက်ပြောကြားထားပါတယ်။

zawgyi

မိမိအနာဂတ္ကိုရာသီကုန္တြင္သိရမယ္ဟုဇီဒန္းေျပာ

ရီးရဲလ္မက္ဒရစ္နည္းျပဇီဒန္းဟာသူ႔အနာဂတ္ဘယ္လိုျဖစ္လာမယ္ဆိုတာကစားသမားမ်ားကိုေျပာၾကားထားၿပီးၿပီဟုမီဒီယာမ်ားကေဖာ္ျပေနမႈအေပၚတုံ႔ျပန္လာပါတယ္။

ၿပီးခဲ့တဲ့ရက္မ်ားတုန္းကရီးရဲလ္မက္ဒရစ္နည္းျပဒီဇန္းကရာသီအကုန္တြင္ဘာေနဗ်ဴးမွထြက္ခြာေတာ့မယ္လို႔ကစားသမားမ်ားအားေျပာၾကားထားေၾကာင္းမီဒီယာမ်ားကေရးသားေဖာ္ျပခဲ့ၾကပါတယ္။

ဒါေပမယ့္ျပင္သစ္လူမ်ိဳးနည္းျပကေတာ့သူ႔အနာဂတ္ဘယ္လိုျဖစ္လာမယ္ဆိုတာကစားသမားမ်ားကိုဘယ္ေတာ့မွေျပာၾကားမွာမဟုတ္ေၾကာင္းဆိုသြားပါတယ္။

ဇီဒန္းက “အခုကြၽန္ေတာ္ထြက္ခြာေတာ့မယ္လို႔ကစားသမားေတြကိုဘယ္လိုသြားေျပာရမလဲ။ထြက္ခြာေတာ့မယ္လို႔ေျပာၿပီးအားလုံးကိုစိတ္မၿငိမ္မသက္ျဖစ္ေအာင္လုပ္ရမွာလား။ခင္ဗ်ား(မီဒီယာ)အေနနဲ႔လုပ္ဇာတ္ေတြႀကိဳက္သလိုလုပ္ၿပီးေရးလို႔ရတယ္။ကြၽန္ေတာ္ကေတာ့ကစားသမားေတြကိုဘယ္ေတာ့မွေျပာသြားမွာမဟုတ္ဘူး။ရာသီကုန္ရင္အားလုံးသိလာၾကပါလိမ့္မယ္။ဒါေပမယ့္အခုအခ်ိန္မွာရာသီသိမ္းပြဲအတြက္ကစားသမားေတြနဲ႔အတူရွိေနပါမယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာလာလီဂါခ်န္ပီယံဘြဲ႕အားကာကြယ္ေရးအတြက္ရာသီသိမ္းပြဲကစားရပါမယ္။၎တို႔ဟာရာသီသိမ္းပြဲအျဖစ္ဗီလာရီးရဲလ္ႏွင့္ရင္ဆိုင္ရပါမယ္။အက္သလက္တီကိုကရာသီသိမ္းပြဲျဖစ္တဲ့ဗယ္လာဒိုးလစ္ႏွင့္အေဝးကြင္းပြဲစဥ္မွာအႏိုင္မရရွိဘဲရီးရဲလ္မက္ဒရစ္ကဗီလာရီးရဲလ္ကိုအႏိုင္ရရွိမွသာလာလီဂါခ်န္ပီယံျဖစ္ႏိုင္ပါမယ္။

စပိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရရီးရဲလ္မက္ဒရစ္ဟာရာသီအကုန္တြင္ဇီဒန္းႏွင့္လမ္းခြဲမွာျဖစ္ၿပီးဂႏၴဝင္ကစားသမားရာအူးလ္ႏွင့္အစားထိုးသြားမယ္လို႔သိရပါတယ္။ရာအူးလ္ဟာရီးရဲလ္မက္ဒရစ္လူငယ္အသင္းကိုကိုင္တြယ္ေနသူျဖစ္ၿပီးပထမႏွစ္မွာဘဲယူအီးအက္ဖ္ေအလူငယ္ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးေပးထားႏိုင္ပါတယ္။

အသက္၄၃ႏွစ္ရွိရာအူးလ္ကိုယ္တိုင္ကရီးရဲလ္မက္ဒရစ္နည္းျပရာထူးကိုရယူလိုလ်က္ရွိေနေၾကာင္းအရိပ္အႁမြက္ေျပာၾကားထားပါတယ္။