ငွေကြေးခဝါချမှု၊အလွဲသုံးစားလုပ်မှုတို့ဖြင့် စစ်ဆေးခံနေရတဲ့ဗီရိုနာအသင်းဥက္ကဌ

ဗီရိုနာဥက္ကဌမော်ရီဇီယိုဆက်တီဟာငွေကြေးခဝါချမှု၊ငွေကြေးအလွဲသုံးစားလုပ်မှုတို့ဖြင့်စုံစမ်းစစ်ဆေးခြင်းခံခံနေရကြောင်းသိရပါတယ်။

ANSA နှင့် Calcio e Finanza တို့ရဲ့ဖော်ပြချက်အရ Guarda di Finanza ဟာစီးပွားရေးလုပ်ငန်းရှင်ထံမှယူရို၆.၅သန်းတွေ့ရှိခဲ့ပြီးယင်းငွေများမှာဗီရိုနာထံမှရယူထားတဲ့ငွေများဖြစ်ကြောင်းသိရပါတယ်။

ဒါကြောင့်လည်းဘိုလော့ဂ်နာမှအရပ်ဘက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာနဟာဗီရိုနာအသင်းပိုင်ရှင်အားငွေကြေးခဝါချမှု၊ငွေကြေးအလွဲသုံးစားလုပ်မှုတို့ဖြင့်သံသယဝင်ကာစစ်ဆေးမှုများပြုလုပ်နေပါတယ်။

လက်ရှိအချိန်တွင်ဆက်တီရဲ့ငွေကြေးများဟာဘယ်လိုရရှိလာတယ်ဆိုတာအတိအကျမသိရသေးပေမယ့်၎င်းရဲ့ငွေကြေးများမှာဒုစရိုက်မှုများနှင့်ဆက်စပ်မှုရှိ/မရှိစစ်ဆေးခြင်းခံနေရပါတယ်။

zawgyi




