
၂၀၂၂-၂၃ ရာသီ နယူးကာဆယ်ရဲ့ဆော်ဒီဝတ်စုံနှင့်ပတ်သက်ပြီး ပရိသတ်များ နှစ်ခြမ်းကွဲ
ဘောလုံးပရိသတ်များဟာနယူးကာဆယ်ရဲ့လာမယ့်ဘောလုံးရာသီတတိယဝတ်စုံနှင့်ပတ်သက်ပြီးနှစ်ခြမ်းကွဲလျက်ရှိပါတယ်။ နယူးကာဆယ်ရဲ့တတိယဝတ်စုံဟာယခုနှစ်စောပိုင်းတုန်းကအွန်လိုင်းတွင်ပေါက်ကြားစဉ်ကတည်းက ကလပ်ရဲ့ရှယ်ယာ ၈၀ရာခိုင်နှုန်းအထိပိုင်ဆိုင်တဲ့ Public Investment Fund ရဲ့ဆော်ဒီအရောင်ကိုအသုံးပြုထားကတည်းက ပရိသတ်များအကြားအငြင်းပွားခဲ့တာပါ။ ယခုအခါနယူးကာဆယ်ကအဖြူရောင်နှင့်အစိမ်းရောင်ပါဝတ်စုံကိုလာမယ့်ဘောလုံးရာသီတွင်တတိယဝတ်စုံအဖြစ်အသုံးပြုသွားမည်ဖြစ်ကြောင်းတရားဝင်ကြေညာလာမှုနဲ့အတူ ပရိသတ်များအကြားထပ်မံနှစ်ခြမ်းကွဲကာငြင်းဆိုလာကြပါတယ်။ မေလတုန်းကအထက်ပါဝတ်စုံပေါက်ကြားလာတုန်းကနယူးကာဆယ်ပရိသတ်များကဝတ်စုံကိုပြန်လည်စဉ်းစားပေးကြရန်တောင်းဆိုခဲ့ပေမဲ့နယူးကာဆယ်ဥက္ကဌယာဆာအယ်ရူမေယန်ကငြင်းဆိုခဲ့ပါတယ်။ယာဆာရူမာယန်ဟာ Public Investment Fundရဲ့အကြီးအကဲတစ်ဦးလည်းဖြစ်ပါတယ်။ ယင်းသို့အသုံးပြုလာမှုနဲ့အတူနယူးကာဆယ်ပရိသတ်များက ဆော်ဒီဟာနယူးကာဆယ်ကိုအသုံးချကာ၎င်းတို့ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖုန်းကွယ်ရန်ကြိုးပမ်းခြင်း၊နယူးကာဆယ်အမှတ်တံဆိပ်ကိုအသုံးချတယ်လို့စွပ်စွဲလာကြပါတယ်။ ဒါပေမဲ့အချို့ပရိသတ်များကလည်းနယူးကာဆယ်ရဲ့တတိယဝတ်စုံကိုနှစ်သက်ကာထောက်ခံမှုများပြလုပ်နေကြပါတယ်။ Zawgyi ၂၀၂၂-၂၃ ရာသီ နယူးကာဆယ်ရဲ့ဆော်ဒီဝတ်စုံနှင့်ပတ်သက်ပြီး ပရိသတ်များ နှစ်ခြမ်းကွဲ […]